Prison Playbook FHD

Prison Playbook

Drama FHD 2017

ဒီဇာတ်လမ်းတွဲတွေကတော့ ကိုရီးယားဒရာမာတွေမှာ အတော် ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်တာမို့ဒီတစ်ခေါက်တော့ Prison Playbook ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီဇာတ်လမ်းတွဲတွေရဲ့ဒါရိုက်တာ နဲ့ ဇာတ်ညွှန်းရေးဆရာက အတွဲလိုက် လက်ရာကောင်းတွေ ထုတ်လွှင့်ပြသနိုင်ခဲ့ကြတာပါ။Hospital Playlist တုန်းက သဘောကျခဲ့တဲ့ ပရိသတ်တွေအနေနဲ့ ဒီကားကို သဘောကျမိမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းက‌‌တော့ ပရိုဘေ့စ်ဘောသမားတစ်ယောက်ဖြစ်တဲ့ ကင်ဂျယ်ဟော့ ဟာ သူ့ညီမကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူကိုဆုံးမရာကနေ ခြေလွန်လက်လွန်ဖြစ်သွားခဲ့ပါတယ်။ ဒါကို တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပေမယ့်ပြည်သူလူထုနဲ့ ပရိသတ်ကြီးကတော့ မကျေနပ်ခဲ့ကြပါဘူး။ အယူခံဝင်ဖို့ ကြိုးစားတဲ့ အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ကြရမှာပါ။ ထောင်ထဲဝင်ရတိုင်းလည်း လူဆိုးတော့ မဟုတ်ပါဘူး။ လူဆိုးသူခိုးတွေအပေါဆုံးနေရာကလည်း ထောင်ပါပဲ။ သံယောဇဉ်တို့ မေတ္တာတရားတို့ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းတွဲတွေမှာထောင်ထဲက ဘယ်လိုဇာတ်လမ်းမျိုးတွေ၊ ဘယ်လိုသံယောဇဉ်တွေကို မြင်ရမလဲဆိုတာ ဒီဇာတ်လမ်းတွဲမှာ ကြည့်ရှူရမှာပါ။