Neighborhood’s Hero FHD

Neighborhood’s Hero

Crime Drama FHD 2016

နေ့ဘက်မှာ ဘားပိုင်ရှင်ဖြစ်ပြီးညဘက်မှာတော့ “အရိပ်” ဆိုတဲ့လူသတ်လက်နက် အဖြစ် ပြောင်းသွားတဲ့ လူတစ်ယောက်ဖြစ်တဲ့ ဘဲ့ရှီယွန်း (Park Shi Hoo) ဟာ ကျွမ်းကျင်အဆင့် အေဂျင့်ဟောင်းတစ်ယောက်ဖြစ်ပါတယ် ။မကာအိုစစ်ဆင်ရေးမှာ ကျရှုံးခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ပါသေသွားရတဲ့အတွက် သုံးနှစ်တာထောင်ကျပြီးနောက်အေဂျင့်အလုပ်ကနေထွက်ပြီး ဘယ်ဂျောင်ယွန်း (Kwon Yuri) ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာမတစ်ယောက်နဲ့အတူ“ဘားယူ” လို့ခေါ်တဲ့ ဘားတစ်ခုကို ဝယ်ပြီး ဖက်စပ်လုပ်ကိုင်ခဲ့ပါတယ်။ဒီလို သိုသိုသိပ်သိပ်နဲ့ဘဝကို ဖြတ်သန်းနေတဲ့ ဘဲ့ရှီယွန်းဟာတစ်နေ့မှာတော့ ချွဲချန်းဂယူ (Lee Soo Hyuk) ဆိုတဲ့ လူငယ်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။ချွဲချန်းဂယူကတော့ ရဲဝန်ထမ်းဖြစ်ချင်တဲ့ လူငယ်လေးဖြစ်ပြီးတော့မိသားစုရဲ့အကြွေးတွေကို ဆပ်ဖို့အတွက်ထယ်အို (Jo Sung Ha) ဆိုတဲ့ ရဲ၀န်ထမ်းတစ်ယောက် တိတ်တဆိတ်ဖွင့်ထားတဲ့တစ်ဆင့်ခံဆောက်လုပ်ရေး ကုမ္ပဏီမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေရသူပါ။တစ်နေ့မှာ ဘဲ့ရှီယွန်းက ရပ်ကွက်ထဲကနစ်နာသူတွေကို ကူညီပေးနေတဲ့ အရိပ်ဖြစ်မှန်းသိသွားတဲ့ ချွဲချန်းဂယူကသူ့ကိုလည်း တော်တဲ့လျှို့ဝှက်အေဂျင့်တစ်ယောက်ဖြစ်အောင် လေ့ကျင့်သင်ကြားပေးဖို့ဘဲ့ရှီယွန်းကို တောင်းဆိုလာပါတော့တယ် ။ဒီလိုနဲ့ အေဂျင့်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဘဲ့ရှီယွန်းက ချွဲချန်းဂယူကို လေ့ကျင့်သင်ကြားပေးပြီးနောက်ရပ်ကွက်ထဲက နေထိုင်သူတွေကို ဒုက္ခပေးနေတဲ့ အမြတ်ကြီးစားကုမ္ပဏီကြီးတွေကိုနှစ်ယောက်အတူတိုက်ခိုက်ကြပြီး ရပ်ကွက်ရဲ့သူရဲကောင်း ဘယ်လို ဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။