Arising From FHD

Arising From

Drama FHD 2026-11-20

တစ်နေ့မှာတော့ အတိတ်ခေတ် နန်းတွင်းစားဖိုဆောင်မှာ ဟင်းချက်ပြုတ်ရင်း နေထိုင်နေတဲ့ ဖင်မ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် အချိန်တွေကို ဖြတ်ကျော်ပြီး ခေတ်သစ်ကမ္ဘာကို ရောက်လာခဲ့ပါတယ်။ သူမအတွက်တော့ အရာအားလုံးဟာ ထူးဆန်းပြီး မမြင်ဖူးမကြားဖူးတာတွေချည်းပါပဲ။ အဲဒီလိုနဲ့ ခေတ်သစ်မှာ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ထားတဲ့ ခေါက်မောက်ဆိုတဲ့ အမျိုးသမီးစားဖိုမှူးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစပိုင်းမှာတော့ ဖင်မ်ဟာ ခေတ်သစ်ရဲ့ နည်းပညာတွေနဲ့ နေထိုင်မှုပုံစံတွေကို နားမလည်နိုင်ဘဲ အခက်အခဲတွေ အများကြီးကြုံခဲ့ရသလို ခေါက်မောက်အတွက်လည်း အတိတ်ခေတ်ကနေ ရောက်လာတယ်ဆိုတဲ့ ဖင်မ်ရဲ့စကားတွေက ယုံရခက်စရာ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက အစားအသောက်ချက်ပြုတ်ရတာကို ဝါသနာပါတဲ့သူတွေဖြစ်တာကြောင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့ကြပြီး ဖင်မ်က သူမရဲ့ နန်းတွင်းရိုးရာဟင်းချက်နည်းတွေကို မိတ်ဆက်ပေးသလို ခေါက်မောက်ကလည်း ခေတ်သစ်ဟင်းချက်နည်းတွေနဲ့ နည်းပညာတွေကို ပြန်လည်သင်ကြားပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နှစ်ယောက်သားရဲ့ အတွေးအခေါ်နဲ့ ဟင်းချက်ပညာတွေကို ပေါင်းစပ်ပြီး အရင်က ဘယ်သူမှ မဖန်တီးဖူးတဲ့ ထူးခြားတဲ့ ဟင်းလျာအသစ်တွေကို အတူတူဖန်တီးလာခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ စားသောက်ဆိုင်ဟာလည်း လူသိများလာခဲ့ပြီး အစားအသောက်ကတစ်ဆင့် မတူညီတဲ့ ခေတ်နှစ်ခေတ်ကြားက ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်တွေ ဘယ်လိုဖြစ်မလဲဆိုတာကို စောင့်ကြည့်ပေးကြပါဦးနော်.......

အပိုင်းများ

Season 1