ဒီတစ်ခါတော့ ချန်ရိ ပရိသတ်တွေအတွက် ကားသစ်လေးယူဆောင်လာပါတယ်။ ဒီကားက မင်မင်းဆက်ရဲ့သမိုင်းနောက်ခံနဲ့ နန်းတွင်းလုပ်ကြံမှုတွေပါလို့ ရင်တမမကြည့်ရမယ့် High-Stakes Historical Thriller Action C-Drama စီးရီးလေးဖြစ်ပါတယ်။ ၁၅ ရက်အတွင်း ကီလိုမီတာ ၁,၁၀၀ ကျော်ခရီးကြမ်းကို အသက်လုပြေးလွှားရမယ့် အိမ်ရှေ့စံမင်းသားတစ်ပါးရဲ့စိတ်လှုပ်ရှားဖွယ်စွန့်စားခန်းကြီးမို့ survival show fan တွေအတွက်လည်း ကြည့်ရပြေစေမှာပါ။ အဓိကသရုပ်ဆောင်တွေအဖြစ် Cheng Yi နဲ့ Lin Geng Xin တို့က ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> မင်မင်းဆက် ဟုန်ရှီးပထမနှစ်မှာပဲ နန်ကျင်းမြို့ ချင်းဟွိုင်မြစ်ကမ်းပါးမှာ အိမ်ရှေ့စံမင်းသား ကျူးကျန်းကျီရဲ့ရတနာသင်္ဘောကြီး ရုတ်တရက်နစ်မြုပ်သွားခဲ့သလို တစ်ချိန်တည်းမှာပဲ ဘုရင်မင်းမြတ် အသည်းအသန်နာမကျန်းဖြစ်နေပြီဆိုတဲ့သတင်းဆိုးကြီးကပါ မိုးကြိုးပစ်သလို ရောက်ရှိလာခဲ့ပါတယ်။ မြို့တော်နှစ်ခုကြားက ကမ္ဘာပျက်မတတ် ပြင်းထန်လှတဲ့ဒီအပြောင်းအလဲဆိုးကြီးတွေကြောင့် အိမ်ရှေ့စံမင်းသားဟာ အသက်လုရမယ့်ခရီးကြမ်းကြီးတစ်ခုကို မဖြစ်မနေစတင်ခဲ့ရပါတော့တယ်။ ကိုယ်တိုင်ရဲ့အသက်အန္တရာယ်ကို ကယ်တင်ဖို့နဲ့ မင်းဆက်တစ်ခုလုံးပြိုလဲမသွားအောင် ထိန်းသိမ်းဖို့အတွက် သူဟာ နန်ကျင်းမြို့ကနေ ပေကျင်းမြို့အထိ ကီလိုမီတာ ၁,၁၀၀ ကျော်ရှည်လျားလှတဲ့ခရီးလမ်းကြီးကို အချိန် ၁၅ ရက်တည်းနဲ့ အရောက်သွားရမှာပါ။ လမ်းခရီးတစ်လျှောက် ပုန်းကွယ်နေတဲ့လုပ်ကြံသူတွေ၊ နန်းတွင်းပရိယာယ်ထောင်ချောက်တွေကြားမှာ အချိန်နဲ့အပြိုင် အသက်လုပြေးလွှားရင်း ဘယ်လိုမျိုး အောင်မြင်စွာကျော်ဖြတ်သွားမလဲဆိုတာ အသည်းတယားယားကြည့်ရမဲ့ သမိုင်းဝင်သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါပဲနော်။