ဒီကားလေးကတော့ လွတ်လပ်ရေးရဖို့ မျှော်လင့်ချက်နဲ့ ဂျပန်ကိုလိုနီ အစိုးရဆီက လျှို့ဝှက်ချက်တွေကို ခိုးယူဖို့အတွက် ထိုးဖောက်ဝင်ရောက်သွားတဲ့ ဂယောင်းဆောင်း (Gyeongseong) မြို့ရဲ့ နာမည်အကြီးဆုံး ခါးပိုက်နှိုက်မလေး တစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ အဲ့ဒီလို လျှို့ဝှက်ချက်တွေ ခိုးဖို့ ကြိုးစားရင်းနဲ့မှ မထင်မှတ်ဘဲ သူပစ်မှတ်ထားတဲ့သူရဲ့ သားဖြစ်သူကို သွားပြီး ချစ်မိသွားတဲ့အခါ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ။