ဒီဇာတ်လမ်းက လူငယ်တွေရဲ့ စည်းလုံးညီညွတ်မှု၊ အခက်အခဲတွေကို မလျှော့ဘဲ ရင်ဆိုင်ကျော်ဖြတ်တဲ့ စိတ်ဓာတ်နဲ့ ရပ်ရွာအပေါ်ထားရှိတဲ့ တာဝန်ယူမှုတွေကို ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ကျောင်းကို ကယ်တင်ပြီး ရပ်ရွာရဲ့ဂုဏ်ယူစရာ ဖြစ်လာခဲ့တဲ့ လူငယ်ဘာလီဘော အဖွဲ့ဟာ ဒီတစ်ကြိမ်မှာတော့ ခေါ့ပန်ဘုန်းကြီးကျောင်းကို ကယ်တင်ဖို့အတွက် ၃ လအတွင်း ဘတ်ငွေ ၇ သန်းရှာဖွေရတဲ့ အခက်အခဲကြီးနဲ့ ရင်ဆိုင်ရပါတယ်အဲဒီအတွက် အီဆန် ချန်ပီယံရှစ် ဘောလီဘောပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုကြေးငွေရရှိဖို့ ကြိုးစားကြပါတယ်ပြိုင်ပွဲအတွင်းမှာ အင်အားကြီးတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရသလို ကိုယ်ရေးကိုယ်တာပြဿနာတွေနဲ့ အနှောင့်အယှက်တွေကိုလည်း ကျော်ဖြတ်ရပါတယ်ဒါပေမယ့် သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီပြီး ပန်းတိုင်ကို မစွန့်လွှတ်ဘဲ ဆက်လက်ကြိုးစားကြရာမှာတော့.........“ဘန်ခေါ့ပန် ဘော်လီဘော်အသင်း” အတွဲ -၂မှာ စိတ်ဝင်စားဖွယ်ကြည့်ရအောင်ပါ