မြွေဖြူမလေးပိုင်စူးကျန်းဟာ နှစ်ပေါင်းငါးရာတိုင်တိုင်အပြင်းအထန်ကျင့်ကြံခဲ့ပြီး မကြာမီမှာ အမတအဆင့်ကိုရောက်ရှိတော့မှာပါ။ ဒါပေမဲ့ အဲလိုအရေးကြီးနေချိန်မှာပဲ မပြီးပြတ်သေးတဲ့အတိဒုက္ခထဲကတစ်ပါးဖြစ်တဲ့ ချစ်မေတ္တာကပ်ဘေးကြောင့် အရေးကြီးလှတဲ့အတိတ်အမှတ်ရစရာတချို့ ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ အမတတွေရဲ့အမိန့်တော်အရ သူဟာလူ့ပြည်လောကဆီ ဆင်းသက်လာခဲ့ပြီး ရွှီရှန်းဆိုတဲ့လူသားလေးကိုရှာဖွေကာ ကျေးဇူးတုံ့ပြန်ဖို့ပြင်ဆင်ခဲ့ရပါတယ်။ဒါကြောင့် ရှောင်ချင်းနဲ့အတူ လူ့ဘုံလောကထဲ ခြေချခဲ့ပြီး မိသားစုတစ်စုလုံး သတ်ဖြတ်ခံခဲ့ရတဲ့အတိတ်ဆိုးကြီးကြောင့် ထိပ်တန်းမိစ္ဆာမုဆိုးဖြစ်လာတဲ့ ရွှီရှန်း၊ ကျင်းရှန်းကျောင်းတော်ရဲ့တပည့်ဖြစ်တဲ့ ဖာဟိုင်တို့နဲ့ ကံကြမ္မာအရဆုံတွေ့ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ကံကြမ္မာနှောင်ကြိုးတစ်ခုတည်းနဲ့ချည်နှောင်ခံထားရတဲ့ သူတို့လေးဦးဟာအန္တရာယ်နဲ့အချစ်အမုန်းတွေပြည့်နှက်နေတဲ့လမ်းခရီးကြီးကို အတူတကွစတင်လျှောက်လှမ်းခဲ့ကြပါတော့တယ်။ဒီဇာတ်လမ်းထဲမှာ မြွေဖြူမလေး ပိုင်စူးကျန်းက အတိတ်က အမှတ်ရစရာတွေပျောက်ဆုံးနေတဲ့အပြင် သူတို့လေးယောက်ပေါင်းပြီး ခရီးထွက်ရမယ့် Fate-bound Journey မို့လို့ရင်ခုန်စရာပဟေဠိတွေကြောင့် ကြည့်ရင်းစိတ်လှုပ်ရှားရင်ခုန်ရဦးမှာပါဗျို့။