Choice Husband 择君记 FHD

Choice Husband 择君记

Comedy Drama FHD 2023-01-11 8

ချမ်းသာတဲ့ မိသားစုမှ မွေးဖွားလာခဲ့သူ ၊ အကောင်းမြင်စိတ်ရှိပြီး လွတ်လွတ်လပ်လပ်နေထိုင်တတ်သူ ၊ ဉာဏ်ပညာရှိတယ်လို ထင်ရပေမဲ့ တစ်ခါတစ်လေမှာလဲ တုံးအနေတတ်သောသူ ၊ အသေးအဖွဲအရာတွေကို ပုံကြီးချဲ့ကာ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို လျစ်လျူရှုတတ်သူ ၊ စန္ဒယား၊ စစ်တုရင်၊ လက်ရေးလှ ၊ ပန်းချီ နဲ့ ပြဇာတ်ကြည့်ရှုရတာတွေကို သဘောကျတတ်ပြီး အပျော်အပါးမက်မောသူလေး – ရှန်မြောင့် ကဗျာတွေ စာပေတွေကို ကျွမ်းကျင်တဲ့ လူငယ်ပညာရှင်တစ်ဦးဖြစ်သူ ၊ ကျောက်စိမ်းလို နူးညံ့နွေးထွေးတဲ့ အသွင်အပြင်ရှိသူ ၊ တကယ်တမ်းမှာတော့ လျှိဝှက်ချက်များစွာနဲ့ ဖုံးကွယ်ထားပြီး ကိုယ်ခံပညာ ကျွမ်းကျင်လှသူ – ဖေယန်ကျန်း ချမ်းသာတဲ့ မိသားစုက မွေးဖွားလာပြီး အထိန်းအကွပ်မရှိနေတတ်သူ ၊ အပေါ်ယံကြည့်ရင်တော့ ဆိုးသွမ်းတယ်လိုထင်ရပေမဲ့ တကယ်တမ်းမှာတော့ ရည်မှန်းချက် ကြီးမားလှသူ – စုန့်ရှီးယွမ် အချမ်းသာဆုံး သူဌေးရဲ့ သမီးဖြစ်သူ ရုပ်ရည်လဲချောမောလှတဲ့ ရှန်မြောက်ဟာ အရာရာပြီးပြည့်စုံပေမဲ့ အိမ်ထောင်ရေး လမ်းကြောင်းမှာတော့ အတတ်အကျတွေ များစွာနဲ့ တွေ့ကြုံခဲ့ရပါတယ် ။