The Road to Splendor 花开锦绣 FHD

The Road to Splendor 花开锦绣

Drama FHD 2026-08-09 5.7

ကျောက်လင်ဆိုတဲ့လူငယ်လေးဟာ ဆင်းရဲနွမ်းပါးတဲ့မိသားစုကနေ မွေးဖွားလာခဲ့ပေမဲ့ ရင်ထဲမှာ ကြီးမားတဲ့ရည်မှန်းချက်တွေ ကိန်းဝပ်နေပြီး သဘောထားကြီးသလို သံယောဇဉ်ကြီးလှတဲ့လျှို့ဝှက်ဆားကုန်သည်လေးပါ။ တစ်နေ့မှာတော့ မတရားအကွက်ဆင်စွပ်စွဲခံရပြီး ဖောက်ပြန်သူအဖြစ်စွပ်စွဲခံလိုက်ရတဲ့ အထက်တန်းလွှာအမျိုးသမီးလေး ဖုထင်ယွင်နဲ့မထင်မှတ်ဘဲဆုံခဲ့မိပါတယ်။ဒါပေမဲ့ ဆုံတွေ့မှုက ကောင်းသောဆုံတွေ့ခြင်းမဟုတ်တာမို့ အသက်ဘေးကနေ လွတ်မြောက်ဖို့အတွက် သူတို့နှစ်ဦးဟာ အတူတကွစွန့်စားပြီး ထွက်ပြေးခဲ့ကြရပါတယ်။ လမ်းခရီးတစ်လျှောက်မှာ မိသားစုတွေရဲ့ဖိအား၊ နန်းတွင်းအာဏာလုပွဲတွေရဲ့ခေါင်းပုံဖြတ်မှုနဲ့ ကံကြမ္မာရဲ့စမ်းသပ်ချက်ပေါင်းစုံကိုရင်ဆိုင်ခဲ့ကြရပေမဲ့ သူတို့နှစ်ယောက်ဟာ အလျှော့မပေးဘဲကံကြမ္မာကို အတူတကွစိန်ခေါ်တွန်းလှန်ရင်း အဆုံးသတ်မှာတော့ လူအများက လေးစားအားကျရတဲ့စုံတွဲတစ်တွဲ ဖြစ်လာခဲ့ကြပါတော့တယ်။ဒီဇာတ်လမ်းက Traditional Historical Romance ပုံစံဖြစ်တဲ့အပြင် Powerful Couple အမျိုးအစားဖြစ်လို့ ဇာတ်အိမ်က တကယ့်ကိုခိုင်မာပြီး ကြည့်ရတာ ကြည်နူးဆွတ်ပျံ့စရာကောင်းမှာအသေချာပဲမို့ ကြည့်ဖြစ်အောင်ကြည့်ကြပါ သာ့ကျားတို့ရေ။