An Affair of Life มหกรรมมนุษย์ FHD

An Affair of Life มหกรรมมนุษย์

Drama FHD 2026-08-07 5.7

“ချုမ်”ဆို့တဲ့ ကောင်မလေးဟာ အဖေနဲ့ အဖေမယားငယ် မိထွေးတို့နဲ့အတူနေထိုင်ရပြီး တစ်နေ့မှာ သူမတို့အိမ်မှာပြဿနာပေါင်းစုံကြုံလာရပါတော့တယ်။ အဖေဖြစ်သူကလည်းသမီးကိုဂရုမစိုက်နိုင်တော့ အဖေဖြစ်သူရဲ့အစ်ကိုက “ချုမ်”နဲ့ “ချုမ်”ရဲ့ညီမ ဖြစ်သူ “ကဲယောက်” ကို ဖရာနခွန်ကိုခေါ်လာပြီးပြုစုစောင့်ရှောက်ခဲ့ရပါတယ်။“ချုမ်”နဲ့”ကဲယောက်”လည်း ဖရာနခွန်မှာနေရတာမကြိုက်သလို အဖေ့ကိုလည်းခဏခဏသတိရပြီး အိမ်ပြန်ချင်ခဲ့တယ်။ ဖရာနခွန်ရောက်လာပြီးမကြာသေးဘူး  “ချုမ့်" အဖေရဲ့အမေဆုံးပါးသွားတော့ “ချုမ်”အဖေဟာ ဖရာနခွန်ကိုတက်လာပြီး မိခင်ရဲ့စျာပနကိုတက်ရောက်ခဲ့ရာ သမီးဖြစ်သူ”ချုမ်”နဲ့”ကဲယောက်”ဟာသူတို့နှစ်ယောက်ကိုလာကြိုတယ်ထင်ပြီးဝမ်းသာနေခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာအဖေဖြစ်သူဟာသမီးတွေကိုမပြောမဆိုဘဲထားခဲ့ပြန်တယ်အဖေပြန်လာကြိုမှာကိုတစ်ရက်ပြီးတစ်ရက်စောင့်မျှော်ရင်းကြီးပြင်းလာခဲ့ရတော့တာပေါ့......ငယ်ငယ်ကတည်းက လောကဓံတွေ ကြုံခဲ့ရပြီးနောက်ပိုင်းမှာ ချမ်းသာတဲ့ ကုန်သည်တစ်ဦးရဲ့သားနဲ့ “ချုမ့်”ကို လက်ထပ်ပေးဖို့ မိသားစုတွေက စီစဉ်ပေးလာပါတော့တယ်။ အဲဒီအိမ်ထောင်းရေးကို လက်ခံလိုက်တဲ့ "ချုမ်" တစ်ယောက် ငယ်ငယ်ကတည်းက ကြုံလာရတဲ့ လောကဇာတ်ခုံရဲ့ အခက်အခဲတွေကို ကျော်ဖြတ်သွားနိုင်မလား ဒါမှမဟုတ် အခက်အခဲတွေကနေမုန်တိုင်းထန်တဲ့အထိ ဖြစ်လာမလားဆိုတာကတော့......