ငယ်စဉ်ကလေးဘဝတုန်းက မတော်တဆဖြစ်ရပ်တစ်ခုကြောင့် လက်တစ်ဖက်ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ အမြဲတမ်း တက်ကြွရွှင်လန်းနေတဲ့ ကောင်မလေးတစ်ယောက်တို့ဟာအိမ်နီးချင်းတွေအဖြစ် နှစ်ပေါင်း (၂၀) နီးပါး အတူတူကြီးပြင်းလာခဲ့ကြပါတယ်။ ဘဝရဲ့ခက်ခဲကြမ်းတမ်းတဲ့စမ်းသပ်ချက်တွေ၊ အနိမ့်အမြင့်တွေကြားထဲမှာ သူတို့နှစ်ယောက်ဟာအပြန်အလှန်ကူညီကြရင်း အတူတကွရင့်ကျက်လာကြပါတယ်။အချိန်တွေကုန်လွန်ပြီးနောက်မှာတော့ My Crab Girl ဆိုတဲ့ကာတွန်းစာအုပ်လေးက သူတို့နှစ်ယောက်ကိုပြန်လည်ဆုံစည်းပေးခဲ့ပြီး ရင်ထဲမှာ နှစ်ပေါင်းများစွာ လျှို့ဝှက်သိမ်းဆည်းထားခဲ့ကြတဲ့ဆယ်စုနှစ်တစ်ခုစာအချစ်တွေကို အချင်းချင်း ဖွင့်ဟထုတ်ဖော်ကြရင်း ဘဝလမ်းကြမ်းထက်က ချစ်မေတ္တာနေရောင်ခြည်ကို ရှာတွေ့သွားကြပါတော့တယ်။ဒီဇာတ်လမ်းလေးက စိတ်ဒဏ်ရာတွေကို ကုစားပေးမယ့်လူငယ်အချစ်အမျိုးအစားလေး ဖြစ်သလို အခက်အခဲတွေကို အတူတူရင်ဆိုင်ရင်း ငယ်သူငယ်ချင်းအဖြစ်ကနေ ချစ်သူတွေအဖြစ်ပြောင်းလဲသွားမယ့် Childhood Friends to Lovers Vibe မျိုးမို့လို့ ကြည့်ရှုသူတွေရဲ့နှလုံးသားထဲမှာ နွေးထွေးတဲ့ခံစားချက်မျိုး ဖြစ်စေမှာကတော့ လုံးဝကျိန်းသေပါပဲဗျို့။