Winter Fever ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းအဖြစ် ထွက်ရှိလာတဲ့ Summer Fever ဇာတ်လမ်းလေးကတော့ ဆောင်းရာသီရဲ့ အေးစက်မှုတွေကြားကနေ စတင်ပေါက်ဖွားလာခဲ့တဲ့ အချစ်ကိုနွေရာသီရဲ့ နွေးထွေးတဲ့ အငွေ့အသက်အောက်မှာ ဆက်လက်ပုံဖော်ထားတဲ့ BL Romance ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။Cast တွေအနေနဲ့လည်း Seo Jeong Hyeon နဲ့ Kwak Geon Hee တို့က မူလဇာတ်ကောင်တွေအဖြစ် ပြန်လည်ပါဝင်သရုပ်ဆောင်ထားတာကြောင့် Winter Fever ကို သဘောကျခဲ့တဲ့ပရိသတ်တွေအတွက်တော့ ပြန်လည်ရင်ခုန်ရဦးမယ့် ဇာတ်လမ်းတွဲလေးပါ။အေးခဲလှတဲ့ ဆောင်းရာသီကို အတူတူ အံတုဖြတ်ကျော်ခဲ့ပြီးနောက်မှာတော့ နွေးထွေးမှုတွေကို ဆောင်ကြဉ်းပေးတဲ့ နွေရာသီကို အတူကြိုဆိုခဲ့ကြတဲ့ Kim Yeon Ho နဲ့ Seo Yu Jun တို့နှစ်ဦးဟာ ရာသီသစ်တစ်ခုနဲ့အတူ သူတို့ အချစ်ဇာတ်လမ်းရဲ့ စာမျက်နှာသစ်ကို ဆက်လက်ရေးသားခဲ့ကြပါတယ်။ဆောင်းရာသီမှာ စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးက နွေရာသီရဲ့ နွေးထွေးမှုအောက်မှာ ဘယ်လိုပုံစံနဲ့ ဆက်လက်ပွင့်လန်းလာမလဲ သူတို့ အချစ်ခရီးလမ်းရဲ့ နောက်ထပ် chapter တစ်ခုမှာ ဘယ်လိုရင်ခုန်စရာ အခိုက်အတန့်တွေစောင့်ကြိုနေမလဲဆိုတာကိုတော့ Summer Fever ဆိုတဲ့ ဒီကားလေးမှာ အတူတူ စောင့်ကြည့်လိုက်ရအောင်နော်။