Lingam லிங்கம் FHD

Lingam லிங்கம்

Action FHD 2026-06-26 5.9

လင်ဂမ်ဟာ ရိုးသားပြီး၊ အများသူငါကိုကူညီတတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ သူက ကန်ယာကူမာရီရွာရဲ့ နာမည်ကြီး ကာဘာဒီကစားသမားဖြစ်ပြီး ရဲအရာရှိစာမေးပွဲဖြေထားကာအောင်လက်မှတ် ရောက်လာမှာကိုစောင့်နေသူပါ။ ဒါပေမဲ့ အောင်လက်မှတ်ရောက်မလာခင် ကာဘာဒီပွဲတစ်ခုမှာ နှစ်ဖက်အသင်းရဲ့ရန်ငြိုးကြောင့် ရန်ပွဲတစ်ခုဖြစ်ခဲ့ပြီး လင်ဂမ်ဟာလူသ_တ်တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံလိုက်ရပါတယ်။မလုပ်ခဲ့တဲ့ ပြစ်မှုအတွက် ထောင်ကျခဲ့ရပြီး ထောင်သားတွေ ရဲတွေရဲ့ မတရားနှိပ်စက်မှု၊ နှိမ့်ချခံရမှုနဲ့ ဖိနှိပ်မှုတွေကြောင့် ရိုးအေးတဲ့လင်ဂမ်ဟာ သွေးအေးတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ထောင်ကလွတ်လာပြီးနောက်မှာတော့ လင်ဂမ်တစ်ယောက် လူဆိုးဂိုဏ်းတွေရဲ့ တရားမဝင် အရက်မှောင်ခိုစီးပွားရေးလောကထဲကို ရောက်ရှိသွားခဲ့ပြီး ဒုစရိုက်လောကရဲ့ ဩဇာကြီးမားတဲ့ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပုံကို ဇာတ်ရှိန်မကျဘဲကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုဖြစ်ပါတယ်။