သင့်အတွက် မနက်ဖြန်ဆိုတာ မရှိတော့ဘူးဆိုရင်… "ဒီနေ့ကို ဘယ်သူနဲ့ အတူဖြတ်သန်းချင်လဲ?” ဆိုတဲ့မေးခွန်းမျိုးကို ပရိသတ်ကြီးတို့ဘဝမှာ မေးကြည့်ခဲ့ဖူးပါသလား…ဒါပေမဲ့ ဒီရှိုးထဲက လူငယ်တွေကတော့ အဲဒီမေးခွန်းကို စိတ်ကူးယဉ်ခဲ့ရုံမဟုတ်ဘဲ အသက်နဲ့ သေခြင်းကြား မျဉ်းတစ်ကြောင်းပေါ်မှာ ကိုယ်တိုင် ရပ်တည်ခဲ့ရကာအကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့ကြဖူးသူတွေပါ။ဘဝအခက်အခဲများစွာကြောင့် အချစ်နဲ့ အိပ်မက်တွေကို လက်လွှတ်ခဲ့ရပေမဲ့ အဲဒီအတွေ့အကြုံကနေပဲ “အသက်ရှင်နေဆဲ ဒီနေ့” ဆိုတဲ့ တန်ဖိုးကို ဘယ်သူထက်မဆို ပိုနားလည်တဲ့သူတွေပေါ့။ Love Against Time ဟာ ဘဝရဲ့ အမှောင်ဆုံးအချိန်ကို ကျော်ဖြတ်လာခဲ့တဲ့ လူငယ်တွေက အချစ်ကို နောက်တစ်ကြိမ် ယုံကြည်ပြီး နှလုံးသားကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားကြတဲ့ဒိတ်ရှိုးအစီအစဉ်တစ်ခုဖြစ်ပါတယ်။အချိန်ရဲ့ တန်ဖိုးကို အနက်ရှိုင်းဆုံး နားလည်တဲ့သူတွေရဲ့ အချစ်က ဘယ်လိုပုံစံဖြစ်မလဲ… နာကျင်မှုတွေကို ဖြတ်ကျော်လာတဲ့ နှလုံးသားတွေက တကယ့်အချစ်ကို ရှာတွေ့နိုင်မလား…သူတို့တောင့်တနေတဲ့ တစ်ယောက်သောသူကိုရော ရှာတွေ့ကြပါ့မလားဆိုတာကို Love Against Time မှာ အတူတူ ရင်ခုန်စွာ စောင့်ကြည့်လိုက်ရအောင်နော်။