The Affair Was Just The Beginning 지금 불륜이 문제가 아닙니다 FHD

The Affair Was Just The Beginning 지금 불륜이 문제가 아닙니다

Comedy FHD 2026-07-31 5.5

ဘတ်ဂယောင်းဟီး (Kim Hye-Soo) ဟာဆိုရင် အတွင်းပိုင်းဒီဇိုင်းကုမ္ပဏီရဲ့ ကိုယ်စားလှယ်ဖြစ်သလို သရုပ်ဆောင်မင်းသား အင်ဂျယ်ဟုံး (Kim Ji-Hun) နဲ့ အေးချမ်းသာယာတဲ့အိမ်ထောင်ရေးကို လူသိရှင်ကြားထုတ်ပြရင်း နာမည်ကြီးလာတဲ့ influencer တစ်ဦးပါ။တစ်ဖက်မှာ‌တော့ အန်ဆူဂျောင် (Cho Yeo-Jeong)က ခင်ပွန်းဖြစ်သူ ဂျူဘိုဆောင်း (Kim Jae-Chul) နဲ့ ကွာရှင်းဖို့ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး နှစ်ဦးကြား ဆက်ဆံရေးကလည်းစိတ်ပိုင်းဆိုင်ရာအရ ပြိုလဲပြီးသား အခြေအနေမှာပေါ့။အဲဒီလိုနဲ့ တစ်နေ့မှာ ဂယောင်းဟီးက ခင်ပွန်းဖြစ်သူ ဂျယ်ဟုံးရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု ကောလာဟလတွေကို ကြားသိရပြီးနောက် ခြေရာခံ စုံစမ်းမိရာကနေ ကွဲပြားခြားနားတဲ့ ဘဝတွေကိုဖြတ်သန်းလာခဲ့ကြတဲ့ ဒီမိသားစုနှစ်စုက အိမ်ထောင်ရေးဖောက်ပြန်မှုထက် ပိုမို ဆိုးရွားတဲ့ လျှို့ဝှက်ချက်တွေနဲ့ ရောထွေးယှက်နွယ်မိသွားတဲ့အခါမှာတော့...ဖောက်ပြန်တာကတောင် အကြောင်းမဟုတ်တော့...အဲဒါထက် ပိုကြီးမားတဲ့ အကျပ်အတည်းကို သူတို့ ဘယ်လို‌တွေ ရင်ဆိုင်ဖြေရှင်းကြမလဲ...နောက်ဆက်တွဲအနေနဲ့ရော ဘယ်လို ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာဦးမလဲဆိုတာကို အပတ်စဉ် သောကြာနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်။