အလှအပရေးရာဆေးခန်းတစ်ခုရဲ့ ဝန်းထမ်းမလေး မီဒိုရီ (Hashimoto Kanna) ဟာ ရုတ်တရက် ဆေးခန်း ပိတ်သိမ်းလိုက်ရတာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အချိန် အစ်ကိုဖြစ်သူရဲ့ အကြံပြုချက်အရ ကွယ်လွန်သွားပြီဖြစ်တဲ့ အဘွားဖြစ်သူ ချန်ထားခဲ့တဲ့ အပန်းဖြေစံအိမ်မှာ သွားရောက် အပန်းဖြေနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီလိုနဲ့ စံအိမ်ကို ရောက်ရှိသွားတဲ့အခါ လျှို့ဝှက်ဆန်းကြယ်တဲ့ စံအိမ်ထိန်း နီရှီဂါမီ (Chae Jong-Hyeop) နဲ့ ဆုံတွေ့ရတဲ့အခါမှာတော့...အေးအေးချမ်းချမ်းပဲလို့ ထင်ရပေမဲ့လည်း တစ်ခါတစ်ရံ နီရှီဂါမီရဲ့ မျက်ဝန်းတွေထဲ ဖြတ်ပြေးသွားတဲ့ ဝမ်းနည်းမှုအရိပ်အယောင်တွေ...တကယ်ပဲ နီရှီဂါမီက ဒီစံအိမ်ကြီးကို စောင့်ရှောက်နေရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ...နီရှီဂါမီနဲ့ မီဒိုရီတို့ကြားမှာရော ဘယ်လို ရင်ခုန်စရာ ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာဦးမလဲဆိုတာကို အပတ်စဉ် သောကြာနေ့တိုင်း စောင့်ကြည့်ပေးကြပါဦးရှင်။