ပြဇာတ်စင်မြင့်ပေါ်မှာ သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်တွေရှိထားတဲ့ အရံသရုပ်ဆောင် လျူးကနေ ဇာတ်အိမ်တည်ရမယ်။သူမက ကဲယောက်လိုနာမည်ကြီးမင်းသမီးဖြစ်ဖို့ ဘာမဆိုလုပ်တဲ့ ဘဲလ်ကို တိတ်တခိုးသဘောကျနေသူပေါ့။တစ်နေ့မှာတော့ လျူးက ကဲယောက်ပါဝင်တဲ့ဇာတ်တစ်ခုမှာ ပါဝင်ဖို မျှော်လင့်ချက်ရောင်ခြည်သန်းလာချိန်မှာ ခွန်ဝိချိုင်ဆိုတဲ့ ပြဇာတ်ရုံပိုင်ရှင်က ကဲယောက်နေရာမှာ တခြားသူကိုအစားထိုးမယ်လို့ ပြောလိုက်တဲ့အခါမှာတော့.......အမြဲတမ်းထိပ်တန်းဝင်လာတဲ့ ကဲယောက်အနေနဲ့ ဒီနေရာကို ဘယ်လိုမြဲအောင် ဆက်လက်ရပ်တည်မလဲ.....နောက်ဆက်တွဲအနေနဲ့ ပြဇာတ်ရုံထဲမှာ လူသတ်မှုတစ်ခုကြောင့် ရဲမှူး ကျက်တစ်ယောက် စုံစမ်းဖို့ စတင်လာရမှာ တစ်စတစ်စ တွေ့ရှိလာမဲ့ လူသတ်မှုရဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်ပျက်တွေဆီဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ.......ဒီဇာတ်ကားထဲမှာ စိတ်ဝင်တစားနဲ့ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့.......