The Westies FHD

The Westies

Drama FHD 2026-07-12 8

၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက နယူးယောက်မှာ အီတလီ မာဖီးယားတွေ ကြီးစိုးနေပေမယ့် ဒီ The Westies ဂိုဏ်းကတော့ အင်အားမကြီးသလောက် အကြမ်းဆုံးနဲ့ အရက်စက်ဆုံးလို့နာမည်ကြီးခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ ဂိုဏ်းခေါင်းဆောင်တွေဖြစ်တဲ့ *ဂျင်မီ ကူးနန် (Jimmy Coonan)* နဲ့ *မစ်ကီ ဖယ်သာစတုန်း (Mickey Featherstone)* တို့ရဲ့ ဖြတ်သန်းမှုတွေကိုအဓိကထားပြီး မြင်တွေ့ရမှာပါ။သူတို့ဂိုဏ်းက တခြားဂိုဏ်းတွေနဲ့ ဘယ်လို အားပြိုင်ကြလဲ၊ နယူးယောက် မြေအောက်ကမ္ဘာမှာ နေရာတစ်နေရာရအောင် ဘယ်လို အကြမ်းပတမ်း နည်းလမ်းတွေ သုံးခဲ့လဲဆိုတာတွေကိုရင်တမမနဲ့ ကြည့်ရမှာပါ။အာဏာလုပွဲတွေ၊ သစ္စာဖောက်မှုတွေနဲ့ ဂိုဏ်းတွင်း အကွဲအပြဲတွေကို အပြင်အဆင် အမိုက်စားတွေ၊ သရုပ်ဆောင်ပိုင်း အပီအပြင်တွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ အက်ရှင်နဲ့ ရာဇဝတ်မှုဇာတ်ကွက် အကြမ်းစားတွေကို နှစ်သက်တယ်ဆိုရင်တော့ တကယ့်ကို အချိန်ပေးပြီး ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲကောင်း တစ်ခုဖြစ်ပါတယ်။