My Sexy Shadow คนโหดบานฉ่ำ FHD

My Sexy Shadow คนโหดบานฉ่ำ

Drama FHD 2026-07-03 5.6

"မက်"ဆိုတဲ့​ကောင်​လေး​ကတော့ ဆင်းရဲတဲ့မိသားစုမှာ ကြီးပြင်းလာပြီး နေ့ဘက်မှာ လက်ဝှေ့ထိုး ညဘက်မှာအပိုဝင်ငွေအတွက် တခြား အလုပ်လုပ်နေရသူတစ်ယောက်ပါ။သူ့အ​မေမရှိ​တော့တဲ့နောက်မှာတော့ မက်တစ်ယောက် လက်ဝှေ့စင်ကြီးပေါ်မှာ ပြိုင်ထိုးပြီး ချန်ပီယံဆုလိုချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဘန်ကောက်မြို့ကို ထွက်လာခဲ့ပါတော့တယ်။အဲဒီအချိန်မှာပဲ သူနဲ့ရုပ်ချင်းတူတဲ့ လူတစ်ယောက်နဲ့ မတော်တဆ တွေ့မိရာကနေ သူ့မှာ အမွှာညီအစ်ကိုရှိမှန်း သိသွားခဲ့ရတာပါ။မန် ကတော့ ကာဘာရေးအဖွဲ့မှာ ဖျော်ဖြေရေးသမားအဖြစ် အလုပ်လုပ်​နေ​ပြီး ချမ်းသာပေမဲ့ လျှို့ဝှက်ချက်တွေနဲ့ ဖုံးကွယ်ထားတဲ့ Sahakit Wiset မိသားစုထဲမှာ အိမ်အကူရဲ့သားအဖြစ်ကြီးပြင်းလာသူ ဖြစ်ပါတယ်။အဲဒီနောက်မှာ သူတို့နှစ်ယောက် နေရာလဲပြီး သူတို့ရဲ့ အတိတ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ Sahakit wiset မိသားစုအတွင်းက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်​တွေကိုစုံစမ်းဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ ရှာဖွေနေတဲ့ အမှန်တရားက ဘာများဖြစ်မလဲ........သူတို့မိဘရဲ့ သေဆုံးမှုက အဲဒီမိသားစုကလူတွေနဲ့ ပတ်သက်နေမလား........မက်နဲ့မန် ညီအစ်ကိုနှစ်ယောက်က သူတို့အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်မလား.......ဒီအဖြေ​တွေအားလုံးကို သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကိုဆက်လက်ကြည့်ရှုလိုက်ပါဦးနော်......