"ထွမ်"ဟာ ထိုင်းပင်လယ်ရှိ သန္တာကျောက်တန်းတွေကို ထိန်းသိမ်းဖို့ သုတေသနလုပ်နေစဉ်မှာ အန္တရာယ်များတဲ့ သန္တာကျောက်တန်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်သူက ရေအောက်ဓာတ်ပုံရိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ "ခိုင်မွတ်" နဲ့ ပူးပေါင်းပြီး သုတေသနဆက်လုပ်ခဲ့တာပါဒါပေမဲ့ စီးပွားရေးသမားဖြစ်တဲ့ "ထွမ်"ရဲ့အဖေက အဲဒီကျွန်းနဲ့ ပတ်ဝန်းကျင်ကမြေတွေကို ဝယ်ယူဖို့ ကြိုးစားနေပြီး နောက်ကွယ်မှာ လျှို့ဝှက်အစီအစဉ်တစ်ခု ရှိနေတယ်လို့ "ထွမ်"ကသံသယဝင်လာခဲ့ပါတယ်တစ်ဖက်မှာလည်း အတိတ်က လျှို့ဝှက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ "ဆာရိုင်"ရဲ့ ဝိညာဉ်က အနက်ရောင်သန္တာကျောက်တန်း မှာ နှစ်ပေါင်းများစွာ ပိတ်မိနေရာကနေ လွတ်မြောက်လာခဲ့ပါတယ်သူ့ရဲ့သေဆုံးမှု အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ အတိတ်က မပြီးဆုံးသေးတဲ့ ချစ်ခြင်းမေတ္တာ သစ္စာဖောက်မှုတွေကို လက်စားချေဖို့အတွက်ပါပဲသုတေသနပညာရှင် ရေငုပ်သမားအဖွဲ့တွေက ဒီအဖြစ်အပျက်တွေကိုမသိဘဲ ရေအောက်ကနေ ထွက်ပေါ်လာပြီး မမြင်ရတဲ့ သဘာဝလွန် သရဲဝိညာဉ်ရဲ့ ကြောက်မက်ဖွယ် ခြောက်လှန့်ကလဲ့စားချေမှုတွေနဲ့ပါ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့........သူတို့ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်က သာမန်ပင်လယ်ပြင်အန္တရာယ်တင်မကဘဲ ရှေးဟောင်းကျိန်စာတစ်ခု ဖြစ်နေတဲ့အခါ.....ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး