Shining Inheritance 찬란한 유산 FHD

Shining Inheritance 찬란한 유산

Comedy Drama FHD 2009-04-25 7.6

ဖခင်ကွယ်လွန်သွားပြီးနောက် ရက်စက်လှတဲ့ မိထွေးဖြစ်သူ ဘဲ့ဆောင်းဟီးရဲ့ မတရားမောင်းထုတ်ခြင်းကို ခံခဲ့ရတဲ့ အွန်ဆောင်းဟာ ပိုင်ဆိုင်မှုအားလုံး အလုခံရရုံတင်မကဘဲ အသက်တမျှချစ်ရတဲ့ မသန်စွမ်းမောင်လေး အွန်ဝူး တစ်ယောက်ပါ သဲလွန်စမရှိ ပျောက်ဆုံးသွားခဲ့တဲ့အခါ သူမရဲ့ကမ္ဘာလေး ပျက်စီးသွားခဲ့ရပါတယ်။တစ်နေ့မှာတော့... အစားအသောက် ကုမ္ပဏီကြီးတစ်ခုရဲ့ သူဌေးဖြစ်သူ *ဂျန်ဆုဂျာ*တစ်ယောက် အတိတ်မေ့ပြီး လမ်းဘေးရောက်နေတာကို အွန်ဆောင်းက စိတ်ရင်းမှန်နဲ့ ကယ်တင်စောင့်ရှောက်ပေးခဲ့မိပါတယ်။ဒါပေမဲ့ အွန်ဆောင်း မသိတာတစ်ခုကတော့ အဲဒီအဘွားဟာ လေဆိပ်မှာ အိတ်မှားယူခဲ့ရာကစလို့ တွေ့တိုင်း ရန်ဖြစ်နေရတဲ့ သူဌေးသားလေး*ဆွန်းဝူဟွမ်*ရဲ့ အဘွားဖြစ်နေခြင်းပါပဲ။တွေ့လိုက်တိုင်း တကျက်ကျက် ရန်ဖြစ်နေကြတဲ့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုကနေ ဘယ်လို အချစ်အဖြစ် ပြောင်းလဲသွားမလဲအွန်ဆောင်း တစ်ယောက် ပျောက်ဆုံးနေတဲ့ မောင်လေးနဲ့ ပြန်ဆုံတွေ့နိုင်မလားဆိုတာ... လျှို့ဝှက်ချက်တွေ အားပြိုင်မှုတွေနဲ့အတူ ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးမို့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။