စာရေးဆရာတစ်ယောက်အနေနဲ့ အောင်မြင်မှုမရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ သိမ်ငယ်စိတ်တွေနဲ့ ထွေးပိုက်ရှင်သန်နေရတဲ့ ကိုးရီးယားစာပေပါမောက္ခ ဟောမွန်းအို (Choi Min-Sik)...ကျောင်းသားတွေရဲ့ အဆင့်မမီတဲ့ စာမူတွေက သူ့အတွက် ဝေဖန်ဖို့တောင် တန်ဖိုးမရှိဘူးလို့ ခံစားနေရချိန်မှာပဲ စာသင်ချိန်တိုင်း နောက်ဆုံးတန်းမှာ ထိုင်လေ့ရှိတဲ့ အင်ဂျင်နီယာကျောင်းသားလေး အီဂန်း (Choi Hyun-Wook) ရဲ့ ဝတ္ထုက သူ့ကို အံ့အားသင့်သွားစေခဲ့ပါတယ်။ ဆွဲဆောင်မှုရှိပြီး ခန့်မှန်းရခက်တဲ့ အီဂန်းရဲ့ စာအရေးအသားတွေအပေါ် ပါမောက္ခ ဟောမွန်းအိုတစ်ယောက် ရူးသွပ်မတတ် စွဲလမ်းမိသွားတဲ့အခါမှာတော့...တကယ်ပဲ အီဂန်းရေးသားတဲ့ ဝတ္ထုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ...ဆရာဖြစ်သူရဲ့ လွန်ကျူးတဲ့ စွဲလမ်းမှုက တပည့်ကို ဘယ်လိုနွံထဲ ဆွဲချသွားမလဲဆိုတာကိုတော့ အခုပဲ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးရှင်။