Brave and Beautiful FHD

Brave and Beautiful

Drama FHD 2016-11-10 8.477

တူရကီစီးရီး ဖန်တွေအတွက် ရုပ်ထွက်ရော သရုပ်ဆောင်ပိုင်းပါ ရှယ်မိုက်တဲ့ နာမည်ကျော် မင်းသားကြီး Kıvanç Tatlıtuğ နဲ့ အလှပဂေး မင်းသမီးချောလေး Tuba Büyüküstün တို့အပြိုင်ကြဲထားတဲ့ Romance/Revenge Drama ကားကောင်းလေး လာပါပြီ။ဇာတ်လမ်းကတော့ ဂျေဆူရ်ဆိုတဲ့ ဆွဲဆောင်မှုရှိတဲ့ လူငယ်လေးတစ်ယောက် မြို့လေးတစ်မြို့ကို ရောက်လာရာက စပါတယ်။ သူ့ရဲ့ အဓိက ပစ်မှတ်က သူ့မိသားစုကို ဖျက်ဆီးခဲ့တဲ့ အာဏာရှင်သူဌေးကြီး တာရှင်ကော်လူဒါးကို ကလဲ့စားချေဖို့ပါပဲ။ဒါပေမဲ့ မထင်မှတ်ဘဲ မြင်းပေါ်က ပြုတ်ကျမလို အသက်အန္တရာယ် ကြုံနေရတဲ့ ကောင်မလေးတစ်ယောက်ကို သူ ဝင်ကယ်လိုက်ရာကနေ ကံကြမ္မာက အလှည့်အပြောင်း ဖြစ်သွားပါတယ်။ ထူးဆန်းတာက အဲဒီကောင်မလေးက တခြားသူမဟုတ်ဘဲ သူ အသေအလဲ မုန်းတီးနေတဲ့ ရန်သူတော် သူဌေးကြီးရဲ့ ရင်နှစ်သည်းချာ သမီးချောလေး စူဟန် ဖြစ်နေတဲ့အခါ…စစတွေ့ချင်းမှာ ကြောင်နဲ့ကြွက်လို တွေ့တာနဲ့ရန်ဖြစ်နေကြပေမဲ့ ကျားသစ်မလေးလို ဇတ်ဇတ်ကြဲ နှုတ်ခမ်းနီမလေး စူဟန်ကိုမှ ဂျေဆူရ်တစ်ယောက် တစစနဲ့ ချစ်မိလာတဲ့အခါ..ရန်သူ့သမီးမှန်း သိသိလျက်နဲ့ ဆွဲဆောင်မှုတွေကြားမှာ နစ်မွန်းသွားမလား... ရည်ရွယ်ထားတဲ့ သွေးကြွေးကိုပဲ အရယူမလား... စူဟန်ကရော သူ့အဖေရဲ့ လျှို့ဝှက်ချက်တွေကို သိသွားတဲ့အခါ ချစ်သူကို ရွေးမလား၊ ဖခင်ကို ရွေးမလားဆိုတာ…ရက်စက်တဲ့ အတိတ်ရဲ့ အရိပ်မည်းတွေကြားက အချစ်၊ အမုန်း နဲ့ ဇာတ်ကွက် အလှည့်အပြောင်းတွေကို တူရကီကားတွေရဲ့ ထုံးစံအတိုင်း တိုတိုနဲ့ ထိထိမိမိ ခံစားရမှာမို့ အခုပဲရှုစားလိုက်ကြပါဦး ခင်ဗျာ။