The Prosecutor's Proposal 검사실의 제안 FHD

The Prosecutor's Proposal 검사실의 제안

Drama FHD 2026-06-25 7.5

လွန်ခဲ့တဲ့ ၁၅ နှစ်က ဖြစ်ပွားခဲ့တဲ့ ကာစီနိုလောကရဲ့ အင်အားကြီး သူဌေးတစ်ဦး အသတ်ခံခဲ့ရတဲ့ အမှုကြောင့် လူငယ်လေး ၂ယောက်ရဲ့  ဘဝဟာ ငရဲလို ဘဝမျိုးထဲ ကျရောက်သွားပါတော့တယ်။တစ်ယောက်က ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို ခံစားနေရတဲ့ "နစ်နာသူရဲ့သား" ဖြစ်လာခဲ့ပြီးနောက်တစ်ယောက်ကတော့ သူ့အဖေရဲ့ သွေးစွန်းနေတဲ့ လက်ကြောင့်ပဲ " လူသတ်သမားရဲ့သား" ဆိုပြီး အမည်းစက် ထင်သွားရပါတယ်။နှစ်တွေကြာပြီးနောက်မှာတော့ ထို ၂ ယောက်ကို ကံကြမ္မာက အမှုစစ်နဲ့ စုံစမ်းစစ်ဆေးရေးမှူးအဖြစ်နဲ့ ပြန်လည်တွေ့ဆုံစေခဲ့ပါတော့တယ်။ မလွတ်မြောက်နိုင်တဲ့ သံသရာဝဲဂယက်ကြီးထဲမှာ ပိတ်မိနေကြတဲ့  သူတို့ ၂ ယောက်ဟာ ကော်ပိုရေးရှင်ကြီး တစ်ခုနဲ့ အမှုစစ်ရုံးအထိ ချိတ်ဆက်နေတဲ့ အကျင့်ပျက်ခြစားမှုကြီးကို ဖော်ထုတ်ဖို့ ကြိုးစားကြရင်း ရှုပ်ထွေးတဲ့အခြေအနေမှာ တစ်ယောက်အတွက် တစ်ယောက်က အားနည်းချက်ဖြစ်သလို ကယ်တင်ခြင်းလည်း ဖြစ်လာကြပြီး အမှုကို ဖြေရှင်းသွားနိုင်မလားဆိုတာကိုတော့.....လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ ဒီဇာတ်လမ်းလေးမှာ  ကြည့်ရှုခံစားပေးပါဦးနော်။

အပိုင်းများ

Season - 1