လူလိမ် ၈ယောက်ပါတဲ့ လူလိမ်ဂိုဏ်းတစ်ခုဟာ မာဖီးယားဂိုဏ်းတစ်ခုကို လိမ်လည်ဖို့ ပူးပေါင်းထားကြတယ်ဒါပေမယ့် သူတို့မှာ “The Admin”လို့ခေါ်တဲ့ ခေါင်းဆောင်ကြီးက နောက်ကွယ်က ကြိုးကိုင်နေတယ်။သူတို့၈ဦးကို ဒီအလုပ်တွေအောင်မြင်ရင် ဆုငွေထိုက်ထိုက်တန်တန်ပေးမယ်လို့ ဆွယ်ထားတာပေါ့သူတို့အဖွဲ့က ထီလိမ်တာ တရားမဝင်လောင်းကစားနဲ့ call centerဂိုဏ်းတွေမှာ လိမ်လည်ရတယ်သူတို့ဟာ ဘယ်လောက်ပဲဖုံးကွယ်နေပါစေ ဘယ်လောက်ပဲလိမ်တာပိရိနေပါစေယိုပေါက်တွေများလာတဲ့အခါမှာတော့သူတို့အဖွဲ့ရဲ့လျှို့ဝှက်ချက်တွေ ဘယ်လိုပေါက်ကြားကုန်မလဲဒီအဖွဲ့မှာ ဘယ်သူတွေပါဝင်ပြီး ဘယ်သူက ကြိုးကိုင်ထားမှာလဲဆိုတာ“လှည့်ကွက်စေရာ”မှာ စိတ်ဝင်တစားကြည့်ရှုရအောင်ပါ