စိတ်ဒဏ်ရာတွေကို အေးစက်တဲ့ မျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားတဲ့ အမွေဆက်ခံသူ သူဌေးသား ဟန်ဂျယ်ဟွန်း (Jung Myeong-Cheol) နဲ့ နေရောင်ခြည်လို နွေးထွေးတောက်ပတဲ့ အနုပညာကျောင်းသားလေး ဂင်ဟယ်ဂျွန်း (Kim Hyun-Seo)...စာချုပ်တစ်ခုနဲ့ စတင် ချည်နှောင်မိခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ဖုံးကွယ်ထားတဲ့ အထီးကျန်မှုတွေ ၊ မပြောပြနိုင်တဲ့ ခံစားချက်တွေကြားမှာ တဖြည်းဖြည်းချင်း နီးကပ်လာခဲ့ကြပေမဲ့လည်း အဆိုပါ စာချုပ်ကတော့ သူတို့ရဲ့စိတ်ရင်းကို လျစ်လျူရှုထားဖို့ပဲ ဖိအားပေးနေခဲ့ပါတယ်။အဲဒီလိုကနေ လျှို့ဝှက်ချက်တွေ တစ်စတစ်စစီ ပေါ်ပေါက်လာတဲ့အခါ သူတို့နှစ်ဦးက စည်းကမ်းချက်တွေနဲ့ပဲ ဆက်ပြီး ချုပ်နှောင်ခံမှာလား...အချစ်မီးထဲပဲ ရဲဝံ့စွာ ခုန်ဆင်းလိုက်ကြမှာလားဆိုတာကို ဒီဒရမ်မာလေးထဲမှာ ကြည့်ရှုပေးကြပါဦးနော်။