The Outlaws: Revengeful Judgement FHD

The Outlaws: Revengeful Judgement

Drama FHD 2026-06-12 8.3

ဒီဇာတ်ကားမှာတော့ ပွန်းဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ကလဲ့စားချေခရီးကို စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။တစ်နေ့မှာ ပွန်းရဲ့ မိဘတွေဟာ ဆူအာဝါတ်ဆိုတဲ့ ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီး ပွန်းကိုပါ သတ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ သော်ဆိုတဲ့ သူငယ်ချင်းကအချိန်မီ ရောက်လာပြီး ကယ်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူတို့နှစ်ယောက် ပုန်းရှောင်နေစဉ် ဆူအာဝါတ်ရဲ့ အဖွဲ့သားတွေက အမီလိုက်လာခဲ့ကြတဲ့အတွက်  ပွန်းကို လွတ်မြောက်စေဖို့ သော်က ရှေ့ထွက်ကာကွယ်ပေးခဲ့ရာ ဓားထိုးခံလိုက်ရပြီးအသက်အန္တရာယ် ကြုံတွေ့ခဲ့ရပါတေ့ာတယ်။ ကြောက်လန့်နေတဲ့ ပွန်းကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဆူအာဝါတ်တို့ကလည်း သူ့ကို အပြင်းအထန် လိုက်လံရှာဖွေပါတော့တယ်။ထွက်ပြေးရင်းနဲ့ ပွန်းဟာ ဘုန်းကြီးတစ်ပါးရဲ့ အကူအညီကို ရရှိခဲ့ပြီး အသက်ရှင်ကျန်ရစ်နိုင်ခဲ့တယ်။နှစ်အနည်းငယ် ကြာမြင့်ပြီးနောက်မှာတော့ ပွန်းဟာ မိဘတွေအတွက် ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ပေမဲ့ ဆူအာဝါတ်က သာမန်နည်းလမ်းတွေနဲ့ သတ်လို့မရတဲ့ လူတစ်ယောက် ဖြစ်နေပါတယ်။အဲဒီအချိန်မှာ ဘုန်းကြီးတစ်ပါးက "စဲန်ခိုး" လို့ခေါ်တဲ့ ဒဏ္ဍာရီဆန်ဆန် ဓားတစ်လက်အကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီဓားဟာ ကမ္ဘာပေါ်မှာ ဘာကိုမဆို ဖြတ်တောက်နိုင်ပြီး မပြတ်နိုင်တဲ့ အရာမရှိဘူးလို့ ဆိုကြပါတယ်။ပွန်းက အဲဒီဓား ဘယ်မှာရှိသလဲလို မေးမြန်းရာ ဘုန်းကြီးက ဟန်ဂူဗိမာန်ထဲမှာ တည်ရှိနေကြောင်း ပြောပြလိုက်တာကြောင့် ပွန်းဟာ စဲန်ခိုးဓားကို ရှာဖွေဖို့ အန္တရာယ်များစွာ ပြည့်နှက်နေတဲ့ခရီးစဉ်တစ်ခုကို စတင်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့ ပွန်းဟာ စဲန်ခိုးဓားကို ရှာတွေ့နိုင်ပါ့မလား...။ ဆူအာဝါတ်ကို အနိုင်ယူပြီး မိဘတွေအတွက် ကလဲ့စားချေနိုင်ပါ့မလားဆိုတာဒီဇာတ်လမ်းမှာပဲဆက်ကြည့်လိုက်ကြရအောင်....

အပိုင်းများ

Season - 1