မင်းသမီးကြီး ကာရီစမာကပူးရ်ရဲ့ အမိုက်စား စိတ္တဇမှုခင်းသည်းထိတ်ရင်ဖိုစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီစီးရီးဟာ စာရေးဆရာ အာဘိခ်ဘာရူအာရဲ့ မရဏမြို့တော်ဝတ္ထုကို အခြေခံပြီး ပုံဖော်ဖန်တီးထားတာပါ။ ကိုလ်ကာတာမြို့ရဲ့ ဩဇာအာဏာရှိတဲ့ မိသားစုတစ်ခုကဆယ်ကျော်သက်မိန်းကလေးတစ်ဦး ရက်ရက်စက်စက် သ-တ်ဖြတ်ခံရမှုကို စုံစမ်းဖို့အတွက် ကိစ္စတခုကြောင့် ရာထူးရပ်ဆိုင်းခံထားရတဲ့ စုံထောက် ရီတာဘရောင်းကို တာဝန်ပေးအပ်ခဲ့ပါတယ်။ရီတာဟာ မိသားစုကို ဆုံးရှုံးခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် အရက်စွဲနေပြီး ဘဝကို လက်လျှော့ထားတဲ့ စုံထောက်တစ်ယောက်ပါ။ ဒီအမှုက ရိုးရိုးလူသ-တ်မှု မဟုတ်ဘဲ စနစ်တကျ ကျူးလွန်ထားတဲ့ထူးဆန်းတဲ့ ကွင်းဆက်လူသ-တ်မှုတစ်ခုဖြစ်နေတာကို သိလိုက်ရတဲ့အခါ... သူ့ရဲ့ ကိုယ်ပိုင်စိတ်ဒဏ်ရာတွေကြားမှာ ရုန်းကန်ရင်းနဲ့ အဂတိလိုက်စားမှုတွေ၊လူ့အဖွဲ့အစည်းရဲ့ ပုပ်ပွနေတဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်...။