သေမင်းတမန်ဖြစ်ဖို့ ကြိုးစားရင်း အကြိမ်ကြိမ် မအောင်မြင်ဖြစ်နေတဲ့ ဂျီဟန်ဟာ တစ်နေ့မှာတော့ စာမေးပွဲဖြေရမယ့်အစား စစ်ဆေးမှုတစ်ခုကို ခံယူရပါတယ် ..စစ်ဆေးမှုက လူသားလောကကို သွားရောက်ပြီး သူ့ကို ပြသပေးလိုက်တဲ့ နာမည်ကုဒ်နဲ့ထပ်တူကျတဲ့ လူသားတစ်ယောက်ရဲ့အသက်ဝိညာဉ်ကို ခေါ်ဆောင်လာခဲ့ဖို့ပါပဲ...ဒီလိုနဲ့ လူသားလောကကို ရောက်သွားတဲ့ ဂျီဟန်ဟာ အထက်တန်းကျောင်းတစ်ခုမှာ သူ ရှာရမယ့်ကုဒ်နဲ့တစ်ထပ်တည်းတူနေတဲ့သူကို တွေ့သွားခဲ့ပါတယ် ။ဒါပေမဲ့ ကုဒ်ထပ်တူညီနေတဲ့သူဟာ တစ်ယောက်တည်းမဟုတ်ဘဲ ..ခံစားချက်ဖော်ပြလေ့မရှိ အရယ်အပြုံးနည်းတဲ့ ဟျွန်းဂျွန်းနဲ့ တက်တက်ကြွကြွ ပြုံးရွှင်စွာနေတတ်တဲ့ ယောင်းဟွီဆိုတဲ့ ကောင်လေး နှစ်ယောက်ဖြစ်နေခဲ့ပါတယ် ။“ဘယ်သူ့ကို အသက်ဇီဝိန်နုတ်ရမလဲ” ဆိုတဲ့မေးခွန်းကို အဖြေထုတ်ဖို့ ဂျီဟန်တစ်ယောက် ကောင်လေးနှစ်ယောက်အား အနီးကပ်လေ့လာရင်းကနေ “ဘယ်သူ့ကို အသက်ချမ်းသာပေးရမလဲ” ဆိုတဲ့ မေးခွန်းအဖြစ်ပြောင်းလဲလာခဲ့ပါတော့တယ် ။ခံစားချက်တွေဖြစ်ပေါ်လာတဲ့ သေမင်းတမန်တော်လေးအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို စောင်ကိုက်ရင်း ရင်ခုန်စွာနဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် ..