Teach You a Lesson 참교육 FHD

Teach You a Lesson 참교육

Comedy Drama FHD 2026-06-05 9.25

စည်းကျော်လာကြတဲ့ ကျောင်းသား၊ မိဘနဲ့ ကျောင်းဆရာတွေကြောင့် ယိုယွင်းပျက်စီးလာတဲ့ ပညာရေးစနစ်ကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ပညာရေးဝန်ကြီး ချွဲဂန်ဆော့ (Lee Sung-Min) ရဲ့ ဦးစီးမှုအောက်မှာ တည်ထောင်လိုက်တဲ့ "ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာန"...ဒီဌာနရဲ့အဓိက တာဝန်ကတော့ ကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှု၊ အာဏာပြမှု အစရှိတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ။အဆိုပါ တာဝန်ကို အကောင်အထည်ဖော်ဖို့အတွက် ကြီးကြပ်ရေးမှူး နာဟွာဂျင်း (Kim Moo-Yul) ဦးဆောင်တဲ့ အဖွဲ့က ပြဿနာရှိနေတဲ့ ကျောင်းတွေဆီကို ကိုယ်တိုင် သွားရောက်ပြီးတော့နစ်နာသူဘက်က‌နေ မားမားမတ်မတ် ရပ်တည်ပေးပြီး ကျူးလွန်သူတွေကို ဘယ်လို ပညာပေးဆုံးမသွားမှာလဲ...ပညာရေးနယ်ပယ်ရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ပြီး ကျောင်းစည်းကမ်းကို ဘယ်လို တည့်မတ်ပြုပြင်ပေးသွားမလဲဆိုတာကို အားရကျေနပ်ဖွယ် ကြည့်ရှုရမှာမို့လို့ ဒီနေ့ အပိုင်းအားလုံး စောင့်မျှော်အားပေးကြပါဦး။