နတ်ဘုရားတွေရဲ့ မျက်နှာသာပေးမှုကို ခံရပြီး ပြည့်ရှင်ဘုရင်၊ မှူးမတ်၊ စစ်သူကြီးစတဲ့ အရည်အချင်းရှိယောက်ျားတွေကို မိမိဦးဆောင်မှုနောက် ပြားပြားဝပ်စေလောက်အောင်ထူးချွန်ထက်မြက်လှတဲ့ မီရှီ...။သူမဟာ နတ်ဘုရားတွေရဲ့ မျက်နှာသာပေးမှုကို ခံရပြီး မင်းဆက် ၃ ဆက်တိုင်အောင် နောက်ကွယ်ကနေ တိုင်းပြည်ကို ကြိုးကိုင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဧကရီတစ်ပါးမဖြစ်မချင်း မကျေနပ်နိုင်တဲ့သူမဟာ ရက်စက်တဲ့ လှည့်ကွက်မျိုးစုံကိုသုံးပြီး ပန်းတိုင်ကို အရောက်သွားဖို့ ကြံစည်နေသူတစ်ဦးပေါ့။မီရှီကို အံတုနိုင်မဲ့ ကံကြမ္မာမျိုးနဲ့ မဟာကြယ်တာရာရဲ့ ဇာတာအောက်မှာ မွေးဖွားလာတဲ့ ဒေါ့မန်...။ တော်ဝင်မင်းသမီးအနေနဲ့ မွေးဖွားလာခဲ့ပေမဲ့ မီရှီရဲ့ အန္တရာယ်ရန်စွယ်ကနေလွတ်မြောက်နိုင်ဖို့ မွေးစကတည်းက မိမိရဲ့ ခမည်းတော်၊ မယ်တော်နဲ့ ဝေးရာမှာ ကြီးပြင်းလာရပြီးနောက် .. ရဲစွမ်းသတ္တိအပြည့်နဲ့ နန်းတွင်းထဲ ပြန်ရောက်လာတဲ့ အချိန်မှာတော့......။သူမတို့နှစ်ဦးကြားက လွန်ဆွဲမှုတွေ၊ လှည့်ကွက်တွေတင်သာမက ရှီလာပြည်ရဲ့ နတ်ကိုးကွယ်မှု ဓလေ့ထုံးတမ်းများကိုပါ ရှုစားနိုင်ပြီး ကိုရီးယားပြည်ရဲ့ သမိုင်းကြောင်းကိုပါ တစ်စွန်းတစ်စလေ့လာနိုင်မှာမို့လို့ binge-worthy ဖြစ်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်။