အထက်တန်းကျောင်းနောက်ဆုံးနှစ် ရောက်ခါနီးမှာပဲ မိသားစုရဲ့ရုတ်တရက်အရေးပေါ်အခြေအနေတစ်ခုကြောင့် ချင်းယဲ့တစ်ယောက် ဇာတိမြို့ငယ်လေးကို ပြန်လာခဲ့ရပါတယ်။တစ်ဘဝလုံးနီးပါးကို လူစည်ကားပြီး သာယာဝပြောတဲ့မြို့ကြီးပြကြီးမှာပဲ ဖြတ်သန်းခဲ့ရတာမို့လို့ ချင်းယဲ့အတွက်တော့ ဒီမြို့လေးရဲ့ပတ်ဝန်းကျင်သစ်မှာ အသားကျဖို့ကတကယ်ကိုခက်ခဲလွန်းလှပါတယ်။ ဒါကြောင့်ပဲ အခွင့်အရေးရတာနဲ့ ဒီမြို့ကနေ ချက်ချင်းပြန်ထွက်သွားမယ်လို့ တိတ်တဆိတ်ဆုံးဖြတ်ထားတာပေါ့လေ။ဒါပေမဲ့ စာသင်ရတာအဆင်မပြေဘဲ ရုန်းကန်နေရတဲ့ရှင်းဝူနဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ သူ့အစီအစဉ်တွေ စတင်ပြောင်းလဲလာခဲ့ပါတယ်။ ချင်းယဲ့ဟာ ရှင်းဝူတစ်ယောက်အထက်တန်းကျောင်းပြီးဆုံးပြီး အောင်မြင်စွာဘွဲ့ရနိုင်ဖို့အတွက် စိတ်ရှည်လက်ရှည်ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘဝရည်မှန်းချက်တွေရော၊ စရိုက်တွေပါ လုံးဝကွဲပြားခြားနားကြပေမဲ့အတူတူရှိနေတဲ့အချိန်တွေ ကြာလာတာနဲ့အမျှ ရှင်းဝူနဲ့ချင်းယဲ့တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ မသိမသာတိုးလာခဲ့ကြပါတယ်။အထက်တန်းကျောင်းပြီးသွားတဲ့အခါမှာတော့ ချင်းယဲ့လည်း တက္ကသိုလ်တက်ဖို့အတွက် မြို့ကြီးဆီကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အတော်ကြာပြီးတဲ့နောက်မှာတော့ကံကြမ္မာက သူတို့နှစ်ယောက်လုံးကို ဒီဇာတိမြို့လေးဆီ တစ်ကျော့ပြန်ခေါ်ဆောင်လာခဲ့ပြန်ပါတယ်။ ရှင်းဝူရဲ့ရင်ထဲမှာလဲ ချင်းယဲ့အပေါ်ထားတဲ့ချစ်မေတ္တာတွေက ရှင်သန်နေတုန်းပါပဲ။ဒီတစ်ခါရရှိလာတဲ့ ဒုတိယအခွင့်အရေးမှာရော သူတို့နှစ်ယောက်ဟာ ရင်ထဲက စစ်မှန်တဲ့ခံစားချက်တွေကို အမိအရဖွင့်ဟဝန်ခံပြီး လက်တွဲသွားနိုင်ကြမလားဆိုတာရင်ခုန်စရာစောင့်ကြည့်ရမှာပါ တို့ပြိတ်သတ်ရေ။