Twin Fire Dawn FHD

Twin Fire Dawn

Drama FHD 2026-05-23 8.3

စစ်အရာရှိတစ်ယောက်ရဲ့ရုပ်သွင်ကို အသုံးချပြီး ရုပ်ဖျက်ထားတဲ့အမြွှာညီအစ်ကိုနှစ်ယောက်ဟာ ကျွမ်းမိသားစုတစ်ခုလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့ကြပါတယ်။ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုထဲကနေ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူကတော့ ကျွမ်းယွင်ချိုးဆိုတဲ့ မိန်းမငယ်လေးပါ။ ဒါကြောင့် သူဟာ မိသားစုအတွက် ကလဲ့စားချေဖို့အဲဒီစစ်အရာရှိကြီးရဲ့သမီးအဖြစ်ရုပ်ဖျက်ပြီး စစ်မှုရေးရာအရာရှိအိမ်တော်ထဲကို ဇနီးအဖြစ် လက်ထပ်ဝင်ရောက်ခဲ့ပါတော့တယ်။ဒါပေမဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ကျွမ်းယွင်ချိုးတစ်ယောက် တစ်ခုခုလွဲမှားနေမှန်းရိပ်မိလာပြီး လက်ရှိစစ်အရာရှိရာထူးကို ရယူထားတဲ့သူဟာ တကယ်တော့အမြွှာညီအစ်ကိုထဲကတစ်ယောက်က ရုပ်ဖျက်ထားတာကို သိသွားခဲ့ပါတယ်။ အတိတ်က နာကျင်စရာတွေနဲ့အတူ လက်စားချေဖို့ကြိုးစားနေကြတဲ့ဒီလူနှစ်ယောက်ဟာတစ်ဖက်နဲ့တစ်ဖက်မယုံကြည်နိုင်ဘဲ အပြန်အလှန်စမ်းသပ်စစ်ဆေးရာကနေ မထင်မှတ်ဘဲ သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်လက်တွဲပြီး အာဏာရှိသူတွေရဲ့မကောင်းမှုတွေကိုဖော်ထုတ်ကာ ချစ်ရတဲ့ဒေသရဲ့ငြိမ်းချမ်းရေးကို အတူတူကာကွယ်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီဇာတ်လမ်းက Republic Era ကို နောက်ခံထားတာဖြစ်သလို ရုပ်ဖျက်ပြီး အတုအယောင်လက်ထပ်ထားတဲ့ဇာတ်အိမ်ဇာတ်ကွက်မို့လို့ တကယ့်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါနော်။