Daughter of Fortune FHD

Daughter of Fortune

Drama FHD 2026-05-17 8.3

ရှန်ကျစ်နျန်နဲ့ အစ်မအရင်းဖြစ်သူ ရှန်နန်ချောင်တို့ညီအစ်မနှစ်ယောက်လုံးဟာ အတိတ်ဘဝက အကြောင်းအရာတွေကိုမှတ်မိပြီး ပြန်လည်မွေးဖွားလာကြသူတွေပါ။ အတိတ်ဘဝတုန်းကကြုံခဲ့ရတဲ့ နန်းတွင်းဘေးဒုက္ခဆိုးကြီးကနေ လွတ်မြောက်ချင်တာကြောင့် အစ်မဖြစ်သူ ရှန်နန်ချောင်ဟာ ညီမဖြစ်သူ ရှန်ကျစ်နျန်ကို နန်းတွင်းထဲဝင်ဖို့ အတင်းအဓမ္မစေလွှတ်ခဲ့ပါတယ်။ဒါပေမဲ့ နန်းတော်ထဲရောက်သွားတဲ့အခါမှာတော့ ရှန်ကျစ်နျန်က အရှုံးမပေးဘဲ အကွက်စိပ်စိပ်နဲ့ အစီအစဉ်ချပြီး ပြတ်သားတဲ့တန်ပြန်တိုက်ခိုက်မှုတွေနဲ့အခြေအနေကိုပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ သူဟာ ထက်မြက်လှတဲ့ဉာဏ်ပညာကို သုံးပြီး ဧကရာဇ်မင်းမြတ် နန်ကုန်းရွှမ်ယွီရဲ့အာရုံစိုက်မှုကိုပါ ရအောင်ယူနိုင်ခဲ့ပါတယ်။ မာယာတွေ၊အကွက်တွေပြည့်နှက်နေတဲ့ နန်းတွင်းအရေးအခင်းတွေကြားထဲမှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်စမ်းသပ်ရာကနေ စစ်မှန်တဲ့မေတ္တာတွေဖြစ်ပေါ်လာပြီးနောက်ဆုံးမှာတော့ လက်တွဲပြီး နန်းတွင်းက အခက်အခဲမှန်သမျှကို အတူတူ ကျော်ဖြတ်နိုင်ခဲ့ကြပါတော့တယ်။ဒီဇာတ်လမ်းက မင်းသားနဲ့မင်းသမီးကြား အပြန်အလှန်ဉာဏ်ဆန်းပြီးမှ ချစ်သွားကြတဲ့ Intelligent Romance ပုံစံမျိုးဖြစ်လို့ စိတ်လှုပ်ရှားဖို့ကောင်းတာမို့ ပရိသတ်တို့လည်း အကြိုက်တွေ့မှာအသေအချာပါပဲ။