ဧကရီဘုရင်မကြီး ဝူကျီထျန်းရဲ့လုပ်ရပ်တွေအပေါ်စိတ်ပျက်သွားတဲ့ စုံထောက်ကြီးတိရန်ကျဲဟာ မြို့တော်ကနေထွက်ခွာပြီး ကျန်းနန်ဘက်မှာဖြစ်ပွားနေတဲ့ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ရောက်လာခဲ့ပါတယ်။ အဲလိုစုံစမ်းရင်း အပေါ်ယံမှာတော့ အင်ပါယာကြီးက အရမ်းစည်ကားပြီး သာယာဝပြောနေပုံရပေမဲ့ နောက်ကွယ်မှာတော့မှောင်မိုက်တဲ့အင်အားစုတွေနဲ့ အန္တရာယ်များတဲ့ကြံစည်မှုကြီးတွေရှိနေမှန်း သိလိုက်ရပါတော့တယ်။ တိရန်ကျဲဟာ ထက်မြက်လှတဲ့ဉာဏ်ပညာကို အသုံးချပြီး လူတွေရဲ့လောဘဇောကြောင့်ဖြစ်လာတဲ့အမှုတွေနဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေရောထွေးနေတဲ့ လျှို့ဝှက်ဆန်းကြယ်အမှုပေါင်းများစွာကို တစ်ခုပြီးတစ်ခု အဖြေရှာဖော်ထုတ်ရပါတော့တယ်။ဒီစီးရီးရဲ့အဓိကဇာတ်ကောင်က တရုတ်ပြည်ရဲ့ရှားလော့ဟုမ်းလို့တင်စားရမယ့် တိရန်ကျဲရဲ့စုံထောက်ဇာတ်လမ်းဖြစ်လို့ Plot အကွက်စိပ်စိပ်နဲ့ သဘာဝလွန်အမှုတွေကို ကြည့်ရမှာပါ။သဘာဝလွန်ထူးဆန်းတာတွေကိုအသုံးချပြီး နောက်ကွယ်ကနေ တိုင်းပြည်ကိုခြယ်လှယ်ချင်တဲ့သူတွေကို တိရန်ကျဲက ဉာဏ်နဲ့ ဘယ်လို ခွဲထုတ်မလဲဆိုတာက တကယ်ကိုစိတ်လှုပ်ရှားစရာမို့အမှုလိုက်ကားတွေ၊ ဦးနှောက်ကုန်ရတာကြိုက်သူတွေအတွက် တကယ်ကိုကြည့်သင့်သောပါပဲနော်။