Check In to You 너에게 체크인 FHD

Check In to You 너에게 체크인

Drama FHD 2026-05-21 8.3

ချာဒိုဂယောင်း (Hwang Dong Hee)က အမြဲလိုလို အလုပ်ကိုပဲ ဦးစားပေးပြီး စိတ်ခံစားချက်ထက် ငွေကြေးနဲ့ တန်ဖိုးကိုသာ အဓိကထားတဲ့လူတစ်​ယောက်ဖြစ်ပါတယ်။ ယွန်းဂျီအို (Kim Dong Won) က​တော့ ချာဒိုဂ​ယောင်းပိုင်တဲ့ တည်းခိုခန်းလေးမှာ မန်​နေဂျာအဖြစ်လုပ်ကိုင်​​နေသူတစ်ဦးပါ။ ဂျီအိုက ပိုက်ဆံအတွက်​ကြောင့်မဟုတ်ဘဲ အဲဒီတည်းခိုခန်း​ကသူ့အတွက်တန်ဖိုးရှိတာ​ကြောင့် လုပ်ကိုင်​နေတာဖြစ်ပါတယ်။  ချာဒိုဂယောင်းဟာ သူ့ရဲ့ စီးပွားရေးအမြင်နဲ့ လိုက်မညီတဲ့ တည်းခိုခန်းလေးကို ရောင်းချဖို့ ကြိုးစားပေမဲ့ ယွန်းဂျီအိုကတော့ အဲဒီနေရာလေးရဲ့ တန်ဖိုးကို ကာကွယ်ဖို့ ကြိုးစားရင်း သူတို့နှစ်ယောက်ရဲ့ ပဋိပက္ခတွေ စတင်လာခဲ့ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုမှာ ဝိညာဉ်ချင်းလဲလှယ်သွားတဲ့အခါမှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ရဲ့ဘဝထဲကို တစ်ယောက် တိုးဝင်ရင်းနဲ့ တကယ့်အချစ်ဆိုတာ ဘာလဲဆိုတာကို နားလည်လာကြပါတော့တယ်။ဒီဇာတ်ကား​မှာဆိုရင်​တော့ အဓိကဇာတ်ဆောင်နှစ်ဦးရဲ့ စရိုက်ချင်းမတူတာကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ရယ်မောစရာ စိတ်လှုပ်ရှားစရာနဲ့ နူးညံ့သိမ်မွေ့တဲ့ အချစ်အခိုက်အတန့်တွေကို အကောင်းဆုံး ခံစားရမှာပါ။ဒါကြောင့် စိတ်ကူးယဉ်ဆန်ဆန် အချစ်ဇာတ်လမ်းတွေကို နှစ်သက်တဲ့သူတွေနဲ့ BL ဒရာမာတွေကို ဝါသနာပါတဲ့ ပရိသတ်တွေအတွက် "Check In to You" ဟာ အချိန်ပေးပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

အပိုင်းများ

Season - 1