The Heir 家业 FHD

The Heir 家业

Drama FHD 2026-05-17 9

မင်မင်းဆက်အလယ်ပိုင်းကာလမှာ Tribute-ink နဲ့ပတ်သက်တဲ့အရှုပ်တော်ပုံတစ်ခုကြောင့် နာမည်ကျော် ဟွေကျိုး မင်လုပ်ငန်းလောကကြီး တစ်ခုလုံး လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်နှစ်ပေါင်းရာချီနာမည်ကြီးခဲ့တဲ့ လီမိသားစုဟာလည်း ဂုဏ်သိက္ခာတွေကျဆင်းပြီး ပျက်သုဉ်းလုနီးပါး ဖြစ်သွားခဲ့ရရှာပါတယ်။ အဲဒီနောက်မှာတော့ လော့မိသားစုက အစားထိုးအာဏာရလာခဲ့ပေမဲ့ သူတို့လည်း တိုင်းရေးပြည်ရာပတ်သက်မှုတွေကြောင့်ပဲ ပျက်စီးသွားခဲ့ရပြန်ပါတယ်။အချိန်တွေကြာလာတဲ့အခါမှာတော့ လီမိသားစုရဲ့အဋ္ဌမမြောက်အနွယ်က အငယ်ဆုံးသမီးလေး လီကျိန်းဟာ ဝမ်းစာအတွက် မင်လုပ်ငန်းထဲကို စတင်ခြေချခဲ့ပါတယ်။သူ့ပါရမီနဲ့ကြိုးစားမှုကြောင့်ပဲ ဟွေကျိုးမင်လောကမှာ မထင်မှတ်ဘဲ အောင်မြင်ကျော်ကြားလာခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း လော့မိသားစုရဲ့ဒုတိယသား လော့ဝိန်ချန်းဟာမိသားစုရဲ့စည်းစိမ်တွေကို ပြန်လည်ရယူဖို့အတွက် အကွက်ကျကျစီစဉ်ရင်း မင်လောကကြီးတစ်ခုလုံးကို ကိုင်လှုပ်လိုက်ပြန်ပါတယ်။ နောက်ဆုံးမှာတော့ လီကျိန်းနဲ့လော့ဝိန်ချန်းတို့ဟာအင်အားကြီးလာတဲ့ထျန်းမော့မိသားစုကို ယှဉ်ပြိုင်အနိုင်ယူဖို့အတွက် ဉာဏ်ချင်းပြိုင်ပြီး လက်တွဲတိုက်ပွဲဝင်ခဲ့ကြပါတော့တယ်။ဒီဇာတ်လမ်းက Period Drama ပီပီ ရှေးဟောင်းလက်မှုလုပ်ငန်းကိုအခြေခံပြီး မိသားစုတွေကြားက အာဏာလုပွဲတွေကို အသားပေးထားတာပါ။ဒါ့အပြင် မင်လုပ်ငန်းရဲ့လျှို့ဝှက်ချက်တွေနဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပျက်စီးသွားတဲ့မိသားစုကြီးနှစ်ခုက မျိုးဆက်သစ်တွေပေါင်းစည်းပြီးတခြားရန်သူကိုတိုက်ထုတ်တာက စိတ်ဝင်စားဖို့ကောင်းတဲ့အလှည့်အပြောင်းမို့ ကြည့်ရှုရင်း စိတ်ဝင်စားစီးမြောသွားမှာ အသေအချာပါပဲ ပြိတ်သတ်ရေ။