Journey With You 与君同 FHD

Journey With You 与君同

Drama FHD 2026-05-08 8.3

ရှင်းမင်းဆက်ရဲ့ပဉ္စမမြောက်မင်းသားယင်းချီ ဟာ နယ်စပ်မှာ ၃ နှစ်ကြာအမှုထမ်းခဲ့ပြီးနောက် ဓားစာခံဖြစ်တဲ့ ဖေယန်ကျစ်ရဲ့သစ္စာဖောက်မှုကြောင့် နန်းတော်ကို ပြန်လာခဲ့ရပါတယ်။ ဒါပေမဲ့နန်းတော်ကိုရောက်တဲ့အခါ အိမ်ရှေ့မင်းသားကြီးယင်းကျိုးရဲ့အကွက်ဆင်မှုထဲမှာ ဖေယန်ကျစ်နဲ့အတူ သေဆုံးသွားခဲ့ရပါတယ်။မထင်မှတ်ဘဲ လွန်ခဲ့တဲ့ ၃ နှစ်ကို ပြန်လည်ဝင်စားခွင့်ရတဲ့အခါမှာတော့ ယင်းချီဟာ အတိတ်က ကံကြမ္မာဆိုးတွေကိုပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ အရင်းနှီးဆုံးသူငယ်ချင်းဖေယန်ကျစ်နဲ့ ညီမငယ် ယင်းဟယ့်ရှုတို့ကိုကာကွယ်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ဖေယန်ကျစ်ဟာ တကယ်ပဲ မိတ်ဆွေလား၊ ဒါမှမဟုတ် ရန်သူလား။ ကံကြမ္မာရဲ့အလှည့်အပြောင်းမှာယင်းချီတစ်ယောက် ဒီတစ်ခါရော လွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်ခုန်စွာကြည့်ရှုရမဲ့အပြင် ငယ်ရွယ်ချောမောတဲ့လူငယ်လေးနှစ်ယောက်ကြားက အချစ်၊ အနစ်နာခံမှုတို့ကိုပါအသဲတယားယား၊ မျက်နှာကို ရေခဲရည်နဲ့အပက်ခံရသလိုခံစားချက်နဲ့ပါကြည့်ရမှာမို့ ကျယ်မေ့တို့ လုံးဝအကြိုက်တွေ့မှာ အသေချာပါပဲ။