နက်ဖလစ်ရဲ့ ကမ္ဘာကျော်စီးရီးဖြစ်တဲ့ အမ်မလီ တဂျိန်းဂျိန်းအင် ပဲရစ် အတွဲ-၃ ထွက်လာပါပြီ။ ဒီစီးရီးဟာ ဖက်ရှင်၊ ဟာသ၊ အချစ်၊ ပဲရစ်အလှအပတွေကြောင့် အရမ်းနာမည်ကြီးခဲ့တဲ့ စီးရီးလည်းဖြစ်ပါတယ်။ အတွဲ-၂ ရဲ့အဆုံးအတိုင်း အမ်မလီနဲ့အယ်လ်ဖီ၊ ဂါဘရီရယ်နဲ့ ကာမီလ်တို့ ဘယ်လို စခန်းသွားကြမလဲ။ ဆရာမကြီးနှစ်ယောက်ဖြစ်တဲ့ မက်ဒ်လင်းနဲ့ ဆယ်လ်ဗီတို့ အားပြိုင်မှုကြားမှာ အမ်မလီ ဘာဆက်လုပ်မလဲ။ အမ်မလီနဲ့ သူငယ်ချင်း မင်ဒီတို့နှစ်ယောက်ရော ကြားထဲမှာဘယ်လိုတွေ ခွီကြဦးမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။