လန်ရှောင်ချွမ်းနဲ့ယွင်ဖေးတို့ဟာ အတိတ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့အကြောင်းအရင်းတစ်ခုကြောင့် လမ်းခွဲခဲ့ကြတဲ့ရည်းစားဟောင်းတွေပါ။ သူတို့နှစ်ဦးဟာ Air Show တစ်ခုမှာမထင်မှတ်ဘဲပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ ပိုအံ့သြဖို့ကောင်းတာက သူတို့ရဲ့မိဘတွေဟာ လူမသိအောင် တိတ်တဆိတ်တွဲနေကြပြီး လက်ထပ်ဖို့အထိပြင်ဆင်နေကြတာကိုသိလိုက်ရတဲ့အခါမှာတော့ ချစ်သူဟောင်းတွေဘဝကနေ မောင်နှမတော်စပ်ရမယ့်အခြေအနေကို ရောက်သွားပါတော့တယ်။တစ်ဖက်မှာလည်း လေကြောင်းပျံသန်းမှုဆိုင်ရာ မော်ဒယ်လ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးဟာအတိတ်ကဒဏ်ရာတွေကိုကုစားရင်း မိသားစုအရေးနဲ့အချစ်ရေးကြားမှာ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို နွေးထွေးတဲ့ခံစားချက်လေးတွေနဲ့ရိုက်ကူးထားတဲ့စီးရီးကောင်းလေးမို့ ကြည့်ရှုသူကိုဆွဲခေါ်သွားနိုင်မှာ အသေချာပါပဲနော်။