Bloom Life 喀什恋歌 FHD

Bloom Life 喀什恋歌

Drama FHD 2026-05-05 8

ရှန်ဟိုင်းမှာ အလုပ်လုပ်နေတဲ့ ဗိသုကာပညာဘွဲ့ရမလေး ရှကျစ်ဟာ ဖခင်ကွယ်လွန်မှုကြောင့် နေရပ်ပြန်လာကာ မိသားစုပိုင် Camel Bell Inn ကို ဦးစီးခဲ့ပါတယ်။ အဲအချိန်မှာပဲ Kashgar မြို့မှာတည်းခိုခန်းဖွင့်ဖို့ကြိုးစားရင်းနဲ့ အလိမ်ခံလိုက်ရသလို စိတ်ပျက်အားငယ်စရာအခြေအနေတွေကြုံနေရတဲ့ Gold digger သမားကျိုးဟိန်ကျစ်နဲ့ဆုံပြီး အခက်အခဲတွေကြားကနေစီးပွားရေးတစ်ခုကို အတူတူတည်ထောင်ခဲ့ကြပါတယ်။လိုင်လီကတော့ မြေထည်ပညာရှင်မျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး ဖခင်ဆီက အမွေအနှစ်ဖြစ်တဲ့မြေထည်အတတ်ပညာကိုဆက်ခံဖို့ အိပ်မက်ရှိသူပါ။ ကခုန်ခြင်းကို ဝါသနာပါပြီး ကပွဲအဖွဲ့မှာကြယ်ပွင့်တစ်ဦးဖြစ်လာခဲ့တဲ့ မီနာဝါအာကလဲ မိသားစုဖိအားတွေကြောင့် အနုပညာလမ်းကြောင်းမှာ အဟန့်အတားတွေကြုံတွေ့နေရပါတယ်။ဒီအမျိုးသမီး ၃ ဦးဟာ မတူညီတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရပေမဲ့ တစ်ဦးကိုတစ်ဦးဖေးမကူညီရင်း သူတို့ရဲ့ဘဝပန်းတိုင်တွေကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းသွားကြပုံကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် Womenempower ကိုထင်ဟပ်စေမဲ့စီးရီးလေးမို့ must watch ပါ‌ပဲနော်။