စာပေနဲ့အုပ်ချုပ်ရေးမှာကျွမ်းကျင်ပေမဲ့ သိုင်းပညာမတတ်တဲ့ ဧကရာဇ် ရှောင်ကျင်းယွင်နဲ့ စစ်သူကြီးမျိုးရိုးက ဆင်းသက်လာပြီး သိုင်းပညာထူးချွန်တဲ့ မိဖုရားခေါင်ကြီးရွှီယွီတို့ဟာ တစ်ဦးနဲ့တစ်ဦး လုံးဝမတည့်ကြသူတွေပါ။ ဧကရာဇ်က မိဖုရားရဲ့စစ်ဘက်ဆိုင်ရာနောက်ခံအင်အားကို စိုးရိမ်ပြီး သံသယရှိသလို မိဖုရားကလဲ ဧကရာဇ်ကို အေးစက်လွန်းသူလို့မြင်ပါတယ်။ဒါပေမဲ့ မထင်မှတ်ဘဲ ရေကန်ထဲပြုတ်ကျရာကနေ သူတို့နှစ်ဦး ခန္ဓာကိုယ်လဲသွားတဲ့အခါမှာတော့ အခက်အခဲတွေစတင်ပါတော့တယ်။ ဧကရာဇ်ဟာ မိဖုရားခေါင်ကြီးရဲ့ခန္ဓာကိုယ်နဲ့နန်းတွင်းထဲကမိဖုရားငယ်တွေရဲ့ကောက်ကျစ်မှုတွေ၊ မယ်တော်ကြီးရဲ့ဖိနှိပ်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ရပြီး သူ့ဇနီး ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲဆိုတာ သိမြင်လာပါတယ်။ တစ်ဖက်မှာလဲ မိဖုရားဟာ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နဲ့တိုင်းပြည်ရေးရာတွေကိုစီမံရင်း သူ့မိသားစုအပေါ် ဧကရာဇ်က ဘာကြောင့် သံသယဝင်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းတွေကိုနားလည်လာပါတယ်။ဒီလိုမျိုး တစ်ဦးရဲ့အခက်အခဲကို တစ်ဦးက ဝိုင်းဝန်းဖြေရှင်းပေးရင်းနဲ့ အမုန်းတွေဟာ အချစ်အဖြစ်ပြောင်းလဲလာပုံကို အလွဲတွေကြား တဝါးဝါးရယ်ရင်း အချစ်ချိုချိုလေးတွေ ခံစားရင်းကြည့်ရမဲ့စီးရီးကောင်းလေးမို့ လက်မလွှတ်တမ်းကြည့်ရှုအားပေးလိုက်ပါအုံး ပရိတ်သတ်ရေ။