ဝါရင့်စုံထောက်ကြီးကျန်းယီအန်းဟာ သတင်းပေးချက်တစ်ခုကြောင့် Sanjiangkou မြို့လေးကို အမှုစစ်ဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ သူ ရောက်ပြီးမကြာခင်မှာပဲ ရဲအရာရှိတစ်ယောက်အသတ်ခံလိုက်ရပြီး သူကိုယ်တိုင်ပါ လူသတ်မှုမှာ သံသယတရားခံအဖြစ် စွပ်စွဲခံလိုက်ရပါတယ်။သူ့နာမည်ဂုဏ်သတင်းကို ပြန်လည်ရှင်းလင်းဖို့ ကြိုးစားရင်းနဲ့ မထင်မှတ်ထားတဲ့အလွဲအချော်တွေကြားကနေ လူသတ်တရားခံကို ဖမ်းမိသွားပြီး မြို့ရဲ့သူရဲကောင်းစုံထောက် ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူဟာ မြို့ထဲက အဂတိလိုက်စားမှုတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် ကျိုးရုန်ဦးဆောင်တဲ့ ကြီးမားတဲ့ရာဇဝတ်ဂိုဏ်းကြီးကို ဆက်လက်စုံစမ်းပါတော့တယ်။ဒီဇာတ်လမ်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ ခပ်မိုက်မိုက်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့သူခိုးတစ်စုရဲ့ အလွဲလွဲအချော်ချော်လုပ်ရပ်တွေဟာစုံထောက်ကြီးရဲ့အမှုဖော်ထုတ်ချက်တွေမှာ မမျှော်လင့်ဘဲ အကြီးအကျယ်အထောက်အကူဖြစ်စေခဲ့တာပါပဲ။ ဒီတော့ ကံအကောင်းဆုံးစုံထောက်နဲ့ ကံအဆိုးဆုံးသူခိုးတွေရဲ့လွဲချော်မှုတွေကြားမှာကြီးမားတဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ ရယ်မောရင်း ကြည့်ရှုရမှာမို့ ဦးနှောက်တူးရင်း ရယ်ရင်းမောရင်းစီးမြောလိုက်ကြပါဦးနော်။