Club Friday Love Status: Simulove FHD

Club Friday Love Status: Simulove

Drama FHD 2026-05-02 1

"ရိန်" ဆိုတဲ့ အမျိုးသမီးဟာ သူမနဲ့အတူနှစ်အကြာကြီးတွဲလာတဲ့ချစ်သူ "ဂျိတ်" ဆီကနေမမျှော်လင့်ထားတဲ့ ဝန်ခံချက်တစ်ခုကို ကြားလိုက်ရပါတယ်အဲ့ဒါကတော့ "ဂျိတ်" ဟာ "မေဆာ" ဆိုတဲ့ တခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆိုတာပါပဲ။ "ဂျိတ်" ဟာ အမျိုးသမီးနှစ်ယောက်လုံးကို တစ်ပြိုင်တည်းတွဲချင်တယ်လို့လည်းတောင်းဆိုခဲ့ပါသေးတယ်။ "ရိန်"က ဒီအခြေအနေကို လက်မခံနိုင်တာကြောင့် လမ်းခွဲပြီးတဲ့နောက် "ဂျိတ်" က စိတ်ဖိစီးမှုကြောင့်နဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပါတယ်။သူမကြောင့် "ဂျိတ်" သေရတာဆိုတဲ့ အပြစ်ရှိစိတ်ကို မခံစားနိုင်တော့တဲ့အဆုံးမှာ "ရိန်"ဟာ Personal Assistant App တစ်ခုကနေတစ်ဆင့် "ဂျိတ်" ရဲ့ ပုံစံတူ အေအိုင်တစ်ခုကိုဖန်တီးလိုက်ပါတယ်။ဒီ အေအိုင် "ဂျိတ်" ဟာ တကယ့်လူအတိုင်း ပြုမူပြောဆိုနိုင်တာကြောင့်"ရိန်" ဟာ လက်တွေ့လောကကို မေ့လျော့ပြီး ဒီအတုအယောင် ကမ္ဘာထဲမှာပဲ ပျော်မွေ့လာပါတယ်။ အဲ့ဒီအချိန်မှာ"ခရူ"ဆိုတဲ့ မိတ်ဆွေဟောင်းတစ်ယောက်က "ရိန်" ကို လောကအမှန်ဆီ ပြန်လာစေဖို့ ကြိုးစားတော့တာပေါ့။"ရိန်" က အေအိုင် "ဂျိတ်" ကို စွန့်လွှတ်ပြီး အမှန်တရားကို လက်ခံနိုင်မလား...သူမရဲ့ စိတ်ကူးလောကထဲမှာပဲ ဆက်နေသွားမလားဆိုတာကိုတော့.........

အပိုင်းများ

Season - 1