Gone FHD

Gone

Drama FHD 2026-03-08 6.4

ဒီ series ဟာ Julie Mackay, Robert Murphy တို့ရေးသားထားတဲ့ To Hunt A Killer စာအုပ်ကိုမှီငြမ်းထားကာ england မှာ တစ်ကယ်ရှိတဲ့ ဂုဏ်ကျက်သရေရှိကျောင်းကြီးတစ်ကျောင်းခြောက်ခြားစရာ တောအုပ်နဲ့ ဘရစ္စတိုမြို့ကလေးရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ဝန်းကျင်ကို နောက်ခံထားပြီး ဒါရိုက်တာ Richard Laxton မှတာဝန်ယူရိုက်ကူးခဲ့တာပါ။မိုက်ကယ်ဆိုတဲ့သူက စာအုပ်ကြီးအတိုင်းပဲလိုက်တတ်တဲ့ နာမည်ကြီးပုဂ္ဂလိကကျောင်းက ကျောင်းအုပ်တစ်ယောက်ပေါ့။ သူဟာ လူမှုပတ်ဝန်းကျင်မှာ လေးစားကြည်ညိုခံရသူတစ်ဦးဖြစ်ပြီးအလုပ်ခွင်မှာလည်း စနစ်တကျရှိကာ တည်ငြိမ်လွန်းသူတစ်ဦးပဲ။ ဒါပေမယ့် တစ်နေ့မှာ သူ့ဇနီးဖြစ်သူ ဆာရာရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီး လူပျောက်ဖွင့်ပြီးမကြာခင်မှာပဲ ဆာရာလို့ယူဆရတဲ့အလောင်းတစ်လောင်းကို ရဲတွေရှာတွေ့ခဲ့ကြတယ်။ ဒီမှာ တစ်ခုပြောစရာဖြစ်လာတာက မိုက်ကယ်က ဇနီးဆုံးသွားတဲ့ ခင်ပွန်းသည်တစ်ယောက်ရဲ့ တုံ့ပြန်မှုမျိုးဟုတ်မနေခဲ့ဘူး။လူပျောက်တိုင်ဖို့အချိန်ယူခဲ့တဲ့အပြင် မိုက်ကယ်ရဲ့ သွေးအေးပြီး အေးတိအေးစက်ဆန်တဲ့အပြုအမူတို့ကြောင့် စုံထောက်တွေက သံသယဝင်ပြီး သူ့ကို စစ်ဆေးကြပါတော့တယ်။ အဲ့ဒီတော့ဆာရာ့သေဆုံးမှုနောက်ကွယ်မှာ မိုက်ကယ်က တကယ်ပဲ ကျူးလွန်သူလား ဒါမှမဟုတ် သူတို့မသိသေးတဲ့ တခြားအကြောင်းအရာတွေရှိသေးသလားဆိုတာတော့ဇာတ်လမ်းထဲမှာပဲအဖြေရှာသွားရမှာပါ။ဒါကတော့ စုံထောက်ကားတွေကြိုက်တတ်သူတွေအတွက် 2026 ထွက် british psychological thriller series ကောင်းတစ်ခုပါပဲ။

အပိုင်းများ

Season - 1