ကျင်းလန်မြို့က ဟန်မိသားစုဆိုတာ မျိုးရိုးစဉ်ဆက် နန်းတွင်းသမားတော်ကြီးတွေဖြစ်ပြီး သူတို့ရဲ့ဆေးပညာဟာ တစ်တိုင်းပြည်လုံးမှာ နာမည်ကျော်ပါတယ်။ ဒီမိသားစုရဲ့မျိုးဆက်ဖြစ်တဲ့ဟန်ယွင်လင်ဟာလဲ မိသားစုရဲ့ထုံးတမ်းစဉ်လာအတိုင်း ဆေးပညာကို ကြိုးစားသင်ယူနေသူတစ်ဦးပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၈) နှစ်ကဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုမှာ ဟန်မိသားစုဟာမဟုတ်မမှန်စွပ်စွဲခံရပြီး မိသားစုလိုက် ကွပ်မျက်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ ဟန်ယွင်လင်လဲ အစအနမရှိ ပျောက်ဆုံးသွားခဲ့ပါတယ်။(၈) နှစ်ကြာပြီးနောက် ကျင်းလန်မြို့ရဲ့နယ်စပ်မှာ စစ်ပွဲတွေပြန်ဖြစ်လာတဲ့အခါမှာတော့ အသက်ပေါင်းများစွာကိုကယ်တင်ပေးနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့သမားတော်မလေးတစ်ယောက်ပေါ်လာခဲ့ပါတယ်။ သူဟာ တခြားသူမဟုတ်ဘဲ ပျောက်ဆုံးနေတဲ့ဟန်ယွင်လင်ပါပဲ။ စစ်ပွဲတစ်ခုအပြီးမှာတော့ စစ်သူကြီးးရှောင်ချီဟာ သူနဲ့ဆုံတွေ့ခဲ့ပြီး ယွင်လင်ဟာ ငယ်ငယ်တုန်းကသူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့သူဆိုတာကို ချက်ချင်းမှတ်မိသွားခဲ့ပါတယ်။ ရှောင်ချီဟာ သူ့ကိုထာဝရကာကွယ်ပေးဖို့ သစ္စာဆိုခဲ့သလို သူ သိုဝှက်ထားတဲ့မိသားစုရဲ့နာကျင်စရာလျှို့ဝှက်ချက်တွေကိုလဲ တဖြည်းဖြည်းဖော်ထုတ်ပေးခဲ့ပါတော့တယ်။ဒီဇာတ်လမ်းက Medical Romance ကိုမှ မိသားစုအတွက် ကလဲ့စားခြေခြင်းပါ ပေါင်းစပ်ထားတဲ့အတွက် တော်တော်လေးလေးနက်မှုရှိပါတယ်။ ဒါ့အပြင် စစ်မြေပြင်ကဒဏ်ရာတွေကိုဆေးပညာနဲ့ကုစားရင်း အမှန်တရားကိုရှာဖွေသွားတာက ဒီဇာတ်လမ်းရဲ့အနှစ်ချုပ်မို့ အချစ်ရိပ်တွေကြား ရင်ခုန်စိတ်လှုပ်ရှားချင်ရင်တော့ must watch ပါပဲနော်။