မိဘမဲ့တစ်ယောက်ဖြစ်တဲ့လီမုဟယ်ဟာ လက်စားချေဖို့အတွက် ရှန့်မိသားစုရဲ့သမီးကြီး ရှန့်နျန်ဆိုတဲ့အမည်ဝှက်နဲ့ မြို့ကိုပြန်ရောက်လာခဲ့ပါတယ်။ သူဟာ အစီအစဉ်ရှိရှိနဲ့ပဲ လူသိများပြီးအေးစက်လှတဲ့ထိပ်တန်းအရာရှိလေး လုယွဲ့တင်းနဲ့ လက်ထပ်လိုက်ပါတယ်။ အစပိုင်းမှာတော့ ဒီအိမ်ထောင်ရေးဟာ အသုံးချဖို့ သက်သက်ပဲဖြစ်ပေမဲ့ တဖြည်းဖြည်းနဲ့ လုယွဲ့တင်းဟာ သူ့အတွက်အားအကိုးရဆုံးသောအမှီအခိုတစ်ခု ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့မိထွေး၊ စီးပွားရေးလောကကလူတွေနဲ့ ဆေးဆိုင်ပိုင်ရှင်တွေကြားမှာ ရှန့်နျန်တစ်ယောက် အကွက်ကျကျကစားနိုင်ဖို့အတွက် လုယွဲ့တင်းဟာ သူ့အတွက် လက်နက်ရော၊ ဒိုင်းကာပါဖြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အရာအားလုံး အဆင်ပြေနေတဲ့အချိန်မှာပဲ ကိစ္စဟောင်းတစ်ခုကိုအခဲမကျေတဲ့ ရဲဘော်ဟောင်းတစ်ယောက် ပေါ်လာတဲ့အခါမှာတော့ အမှုကွင်းဆက်အားလုံးဟာသူ့ခင်ပွန်း လုယွဲ့တင်းကိုပဲ လက်ညှိုးထိုးပြနေပါတော့တယ်။ဒီတော့ အချစ်ဆုံးလူက ကိုယ်လက်စားချေချင်တဲ့သူနဲ့ ပတ်သက်နေမလားဆိုတဲ့သံသယက ဇာတ်လမ်းကို ပိုလေးနက်သွားစေတာမို့ ကြည့်ရင်း စိတ်လှုပ်ရှားအသဲတအေးအေးအပြင်စိတ်ထဲကလိကလိဖြစ်စေမဲ့အချစ်ငွေ့တွေကိုပါ ခံစားချင်ရင်တော့ ဒီစီးရီးလေးကို မဖြစ်မနေကြည့်သင့်ပါပြီနော်။