ဇာတ်လမ်းလေးကတော့... တော်ဆော်အတွက် ကမ္ဘာကြီးတစ်ခုလုံးမှာ အရာအားလုံးဟာ တဖြည်းဖြည်း မေ့လျော့သွားနေတဲ့အချိန်ကနေ စတင်ထားပါတယ်။ အတူရှိခဲ့တဲ့ မှတ်ဉာဏ်တွေ၊ အချစ်တွေ၊ အမှတ်တရတွေ တစ်ခုချင်းစီ လွင့်ပျောက်သွားနေတဲ့အချိန်မှာ...ကင်ဆိုတဲ့ကောင်လေးကလည်း ယတြာချေဖို့ "တစ်နှစ်" ရောက်နေတဲ့အချိန်မှာ ဆုံဆည်းဖို့ဖြစ်လာတာပေါ့။ဒီလိုနဲ့တစ်စစ သံယောဇဉ်တွယ်လာပေမဲ့တော်ဆော်ရဲ့မှတ်ဉာဏ်က တစ်ရက်စာပဲရှိသလို ကင့်မှာလည်း သူ့ဘဝကိုမပြန်ခင် အချိန်တစ်နှစ်ပဲရှိတဲ့အခါသူတို့နှစ်ယောက်ရဲ့ နှလုံးသားထဲမှာတော့ "အချစ်" ဆိုတဲ့ အရာတစ်ခုက ခိုင်ခိုင်မာမာ ဖြစ်တည်နေပေမဲ့"အချိန်" က သူတို့ကို ခွဲခွာဖို့ ကြိုးစားပေမဲ့...လောကကြီးက သူတို့ရဲ့ အမှတ်တရတွေကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေပေမဲ့...သူတို့နှစ်ယောက်ကတော့ မေ့လျော့မှုဆိုတဲ့ အရာကြီးကို အံတုပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်လက်မှတ်မိနေဖို့ ကြိုးစားနေကြတဲ့အခါ...သူတို့ကြားက အမှတ်တရတွေက ဆက်လက်ရှင်သန်နေမလား...ဒါမှမဟုတ် ဒီအတိုင်းပဲ လွင့်ပျောက်သွားမလားဆိုတာကတော့...