၁၉၆၀ပြည့်နှစ်တွေဆီက မွန်ဘိုင်းလောင်းကစားလောကကို အခြေခံရိုက်ကူးထားတဲ့ အပိုင်းရှစ်ပိုင်းနဲ့ ဇာတ်လမ်းတွဲ။ဂွမ်းအရောင်းအဝယ်လုပ်တဲ့ ဘရစ်ဂျ်က ဘယ်လောက်ပဲ ကြိုးစားရုန်းကန်ပါစေဆင်းရဲတွင်းထဲက မထွက်နိုင်တဲ့အတွက် သူ မြင်တွေ့ကျွမ်းကျင်နေတဲ့လောင်းကစားကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။အများနဲ့မတူဘဲ တမူထူးခြားတဲ့ပုံစံနဲ့ သူ ဖန်တီးလိုက်တဲ့ လောင်းကစားကြောင့်တမြို့လုံးကလူတွေက သူ့လောင်းကစားကို ရူးသွပ်စွဲလန်းကုန်ကြတာပေါ့။ဒီမှာပဲ ဂွမ်းကုန်သည်ကနေ လောင်းကစားဘုရင်တယောက်ဖြစ်လာတဲ့နောက်မှာတော့အာဏာပါဝါကစားပွဲတွေနဲ့ မိသားစုအရှုပ်အထွေးတွေဖြစ်လာပါတော့တယ်။