ကရစ်ဟာ ဖခင်ဆန္ဒအရ ရဲအရာရှိဖြစ်လာပေမဲ့ အချစ်ရေးမှာတော့ ကံမကောင်းရှာပါဘူး။ လျှို့ဝှက်တွဲခဲ့ပြီး သူအစစအရာရာ ပံ့ပိုးပေးခဲ့တဲ့ ချစ်သူကောင်လေးက အိုင်ဒေါဖြစ်သွားချိန်မှာ သူ့ကို ရက်ရက်စက်စက် လမ်းခွဲသွားခဲ့လို့ အချစ်ကို စိတ်ကုန်ပြီး အေးစက်စက်ဖြစ်နေသူပါ။တစ်ဖက်မှာတော့ ဝါယုဆိုတဲ့ ကျောင်းသားလေးဟာ မိဘတွေက ပစ်ထားတဲ့အပြင် ညီမဖြစ်သူ ထားရစ်ခဲ့တဲ့ တူလေးကိုပါ တာဝန်ယူစောင့်ရှောက်ရင်း ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရှာသူပေါ့။အချစ်ကို ကြောက်နေတဲ့ ရဲအရာရှိလေးနဲ့ ဘဝကို ရုန်းကန်နေရတဲ့ ကျောင်းသားလေးတို့ ဘယ်လိုဆုံတွေ့ပြီး ဘယ်လိုဒရာမာတွေ ဆက်ခင်းကြမလဲဆိုတာ ခုပဲ ရှုစားလိုက်ကြပါဦးစို့။